Headlines News :
Home » » တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အန်စီစီတီ အစည်းအဝေးချင်းမိုင်တွင် စတင်

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အန်စီစီတီ အစည်းအဝေးချင်းမိုင်တွင် စတင်

Written By Live100 on Monday, May 25, 2015 | 9:42 PM

ဓာတ်ပုံ - ကိုအောင်မိုးမြင့်
 ဓာတ်ပုံ - ကိုအောင်မိုးမြင့်
တပြည်လုံးအပစ်ရပ်စဲရေးစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ အန်စီစီတီ ခေါင်းဆောင်တွေဟာ  ဒီကနေ့  မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၃ ရက်ကြာ ဆွေးနွေးပွဲ စတင် ကျင်းပနေပါတယ်။
ဒီကနေ့မှာတော့ အန်စီစီတီအဖွဲ့ဝင်အားလုံး မရောက်လာသေးတဲ့အတွက် အန်စီစီတီကဖွဲ့စည်း ထားတဲ့ နိုင်ငံရေးမူဘောင်ရေးစွဲရေးအဖွဲ့ကနေပြီး အရင်တွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့  အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။
“ကျနော်တို့ အန်စီစီတီမှာနိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲဖို့ တာဝန်ပေး ထားတဲ့ အဖွဲ့ သူတို့ ၇ ဦးရှိတာပေါ့။ အဲဒီအဖွဲ့တွေ သူတို့လုပ်ငန်းလေးတွေ လာပြီး အပြီးသတ် အချော ကိုင်တဲ့ဆွေးနွေးပွဲပါ။ မနက်ဖြန်မှပဲ လူစုံတက်စုံနဲ့ အန်စီစီတီ အပြည့်အ၀ပေါ့လေ အစည်းအဝေး ဖြစ်မယ်။”
လာမယ့် ၂ ရက်တာ အန်စီစီ ဆွေးနွေးပွဲမှာတော့  တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမူကြမ်းနဲ့ ဆက်လက်အကောင်အထည်ဖော်လို့ လိုအပ်တဲ့အချက်တွေကို ဆွေးနွေးမှာဖြစ်သလို ဇွန်လဆန်း ကျင်းပမယ့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တင်ပြမယ့် အချက်အလက်တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကိုတော့ ကရင်အမျိုး သား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ လာမယ့် ဇွန်လ ၂ ရက်နေ့ ကနေ ၆ ရက်ထိ ကျင်းပဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template