Headlines News :
Home » » အသိမ်းခံမြေမှာ ပုဂ္ဂလိကကုမ္ပဏီ ထွန်ယက်လို့ ဒေသခံများ တားမြစ်

အသိမ်းခံမြေမှာ ပုဂ္ဂလိကကုမ္ပဏီ ထွန်ယက်လို့ ဒေသခံများ တားမြစ်

Written By Live100 on Monday, May 25, 2015 | 8:46 AM

taunggyi-army-head-office-305.jpg
 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့စဉ်။
Photo: Khon Yarzar/ RFA
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကွမ်လုံကျေးရွာအုပ်စုက မြေဧကတစ်ရာ ကျော်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က လုပ်ပိုင်ခွင့် လွှဲပြောင်းပေးထားတဲ့ မြနဒီ ကုမ္ပဏီက ဒီနေ့ ၀င်ရောက် ထွန်ယက်ခဲ့တဲ့အတွက် ဒေသခံတောင် သူ နှစ်ဆယ်ကျော်က တားမြစ်ခဲ့ကြပါတယ်။
အဲဒီမြေနေရာတွေမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးမှာစိုးတဲ့အတွက် တားမြစ်ခဲ့တာလို့ ရေပူကျေးရွာက တောင် သူ ဒေါ်မော်မော်ဦး က ပြောပါတယ်။
"တောင်သူတွေရဲ့ဥစ္စာကို မင်းတို့သွားမလုပ်ဖို့ပေါ့၊ ဟုတ်ပါတယ်တဲ့၊ ကျနော်တို့ကလည်း တာဝန်အရ ခိုင်းလို့လာလုပ်တာပါတဲ့၊ ကျနော်တို့ရဲ့ မန်နေဂျာ ကိုဇင်မင်းလတ်က ခိုင်းလို့ ကျနော်တို့ လာလုပ်ရတာပါတဲ့ ဆိုပြီးအဲ့လိုပြောပါတယ်၊ အမတို့ရဲ့တောင်သူတွေ ကိုလည်းအမတို့ကပြောတဲ့အခါကျတော့ သူတို့ကလည်း မလုပ်တော့ဘူး၊ အမတို့ရဲ့ တောင်သူတွေကလည်း ကိုယ့်ခြံထဲကိုမလုပ်ရင်ပြီးရောဆိုပြီးတော့ ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြေအေးသွားတာပါ"
အဲဒီ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲမှာ စစ်တန်းလျားဆောက်ဖို့အတွက်ဆိုပြီး မေလ ၂၁ ရက်နေ့မှာ စစ်တပ်က ရောက်ရှိခဲ့ရာမှာ ဒေသခံကျေးရွာ သားတွေနဲ့ စကား များကြပြီး ရေပူကျေးရွာသား တောင်သူ ဦးမြင့်အောင်က ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြခဲ့ပြီး သတ်သေသွားခဲ့ပါတယ်။
ကွမ်လုံကျေးရွာအုပ်စုက ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီနဲ့ နောင်ကားစတဲ့ ကျေးရွာတွေက လယ်ဧက ၅ဝဝဝ ကျော်ကို လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
သိမ်းဆည်းခဲ့ပြီးနောက်ပိုင်း မူလပိုင်ရှင်တောင်သူတွေကို လုပ်ကိုင်ခွင့်ပေးထားခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ ရေပူကျေး ရွာက တောင်သူ ၂၁ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေ ဧကတစ်ရာကျော်ကို မြနဒီကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့တာ လို့ တောင်သူတွေ ကပြောပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template