Headlines News :
Home » , » အမေရိကန်နိုင်ငံ ပြည်နယ်ကိုးခု၌ အစာအဆိပ်သင့် စေသည့် ဘက်တီးရီးယားပိုး တစ်မျိုးကူးစက် ပျံ့နှံ့

အမေရိကန်နိုင်ငံ ပြည်နယ်ကိုးခု၌ အစာအဆိပ်သင့် စေသည့် ဘက်တီးရီးယားပိုး တစ်မျိုးကူးစက် ပျံ့နှံ့

Written By လွင့်မောင်မောင် on Sunday, May 24, 2015 | 5:46 PM

 
ဝါရှင်တန် ၊ ၂၄-၅-၂ဝ၁၅

အမေရိကန်နိုင်ငံ ရှိ ပြည်နယ်ကိုးခု ၌ အစာ အဆိပ်သင့် စေသည့် ဘက်တီးရီးယားပိုး တစ်မျိုး ကူးစက်မှု ဖြစ်ပွားရာ လူ ၅၃ ဦး ဖျားနာခဲ့ကြောင်း ကျန်းမာရေးဌာန မှ တာဝန်ရှိသူ များက မေ ၂၁ ရက်တွင် ပြောကြားသည်။

အဆိုပါ ကူးစက်မှု များသည် ကယ်လီဖိုးနီးယား ပြည်နယ်တွင် အများဆုံး ဖြစ်ပွားပြီး အရီဇိုးနား၊ အီလီနွိုက်စ်၊ မစ္စစ္စပီ၊ နယူးမက္ကဆီကို၊ တောင်ဒါကိုတာ၊ ဗာဂျီးနီးယား၊ ဝါရှင်တန်နှင့် ဝစ္စကွန်စင် ပြည်နယ်တို့ ၌လည်း ဖြစ်ပွား ခဲ့ကြောင်း ကယ်လီဖိုးနီးယား လူထု ကျန်းမာရေး ဌာနမှ တာဝန်ရှိ သူများက ပြောကြား ထားသည်။

ထို့နောက် ကူးစက် ဖျားနာသူ ၁ဝ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အသေအပျောက် စာရင်းကိုမူ ထုတ်ပြန်ခြင်း မရှိကြောင်း၊ ကူးစက် ပျံ့နှံ့ရသည့် အကြောင်း အရင်းကို တိတိကျကျ မသိရှိ သေးသော်လည်း ဖျားနာသူ အများစု သည် တူနာငါး အစိမ်းများဖြင့် ပြုလုပ်ထားသော ဆူရှီများကို စားသုံးခဲ့ ကြကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပြောကြားသည်။

အဆိုပါ ဘက်တီးရီးယား ပိုးသည် ပျို့အန်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဖျားနာခြင်း စသည့် အစာ အဆိပ်သင့်ခြင်း ရောဂါ လက္ခဏာ များကို အများဆုံး ဖြစ်ပေါ် စေကြောင်း ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာက ပြောကြား ထားသည်။

အဆိုပါ ငါးအစိမ်းများ နှင့် ကမာကောင် များကို ခုခံအားနည်း နေသောသူများ၊ ကိုယ်ဝန်ဆောင် သည်များနှင့် ကလေးငယ်များ အနေဖြင့် စားသုံးရန် မသင့်လျော် ကြောင်း သိရသည်။

PyiChitThar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template