Headlines News :
Home » » ထားဝယ် အနုပညာလျှောက်လမ်း အစီအစဉ်အတွက် သီချင်းဖိတ်ခေါ်

ထားဝယ် အနုပညာလျှောက်လမ်း အစီအစဉ်အတွက် သီချင်းဖိတ်ခေါ်

Written By Live100 on Saturday, May 30, 2015 | 10:52 PM


|Dawei Watch|  ထားဝယ်၊ မေ ၃၀
ထားဝယ်ဒေသတွင် အခြေချ နေထိုင်သည့် အနုပညာ ရွက်ပုန်းသီးများအတွက် ပုံမှန်လျှောက်လှမ်းနိုင်သည့် ဒေသတွင်း အနုပညာ လျှောက်လမ်းတစ်ခု ပေါ်လာစေရန် ရည်ရွယ်ပြီး ထားဝယ်အနုပညာလျှောက်လမ်း အစီအစဉ်မှ မေလ နောက်ဆုံးအပတ်ကစပြီး သီချင်းများ ဖိတ်ခေါ်လျက်ရှိကြောင်း ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နေသူများထံမှ သိရသည်။
သီချင်းခွေတစ်ခွေကို ထုတ်ဝေရန် စီစဉ်ထားပြီး ပထမအဆင့်အတွက် တေးသီချင်းများကို ဖိတ်ခေါ်ထားပြီး ဇွန်လအတွင်း တေးသီချင်းများကို ရွှေးချယ်ပြီးနောက် သီချင်းဆိုသူများကို ထပ်မံ ဖိတ်ခေါ်မည်ဖြစ်ကြောင်း  ယင်းအစီအစဉ်ကို အကောင်အထည်ဖော်သူများအနက် တစ်ဦးဖြစ်သည့် တေးရေး၊တေးဆို ကိုငြိမ်းမိုးက ပြောသည်။
သီချင်းများကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။
“အရုပ်ပါလုပ်ရင် ငွေရေးကြေးရေး အခက်အခဲရှိလို့ Audio အဆင့်ခွေတစ်ခွေကို အစလုပ်မယ်၊ စိတ်ဝင်စားတဲ့ အလှူရှင်တွေ ပေါ်လာရင် အသံရော၊ ရုပ်ပါဖြစ်ကောင်းဖြစ်သွားမယ်”ဟု ကိုငြိမ်းမိုးက ဆိုသည်။
ထားဝယ်ဒေသအတွင်းရှိ ဂီတ ၀ါသနာရှင်များ၊ ပါရမီရှင် ရွက်ပုန်းသီးများ စုစည်းမိပြီး အချိတ်အဆက်ရှိလာစေရန်၊ ၀ါသနာ အရ ဖန်တီးထားသည့် သီချင်းများ ပရိသတ် နားဆင်နိုင်သည့်အဆင့်သို့ ရောက်လာစေရန်၊   အနုပညာလမ်းကြောင်းကို နောက် တစ်ဆင့် ဆက်လျှောက်လှမ်းရန်အတွက် ယုံကြည်မှုရှိလာစေရန် ရည်ရွယ် ယင်းစီစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းအခွေတွင် အရွှေးခံရသည့် အဆိုရှင်များ သီဆိုမည့် သီချင်း ၁၀ပုဒ်၊ လက်ဆောင်သီချင်း ၄ ပုဒ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“အခုလို လုပ်ပေးတာ ကောင်းတယ်၊ ထားဝယ်သား တေးရေးဆရာနဲ့ အဆိုတော်တွေ ပေါ်လာနိုင်တယ်၊ အဆိုပြိုင်ပွဲဝင်၊ မ၀င်ဆိုတာကိုတော့ စဉ်းစားရဦးမယ်”ဟု သီချင်းဆိုဝါသနာရှင် ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုစိုးမြတ်က ဆိုသည်။
ထားဝယ်အနုပညာ လျှောက်လမ်း အစီအစဉ်သို့ သီချင်းပေးပို့ ပူးပေါင်းလိုသူများသည် ထားဝယ်ခရိုင်အတွင်း အခြေချနေထိုင်သူ ဘာသာလူမျိုးမရွေး မည်သူမဆို မိမိရေးသားထားသည့် ကိုယ်ပိုင်သံစဉ် ခေတ်ပေါ်သီချင်းတစ်ပုဒ် ပေးပို့နိုင်ကြောင်း ယင်းအစီအစဉ် ကြော်ငြာတွင် ဖော်ပြသည်။
မည်သည့်အမျိုးအစားမဆို၊ မည်သည့်အကြောင်းအရာမဆို သီချင်းကို တူရိယာတစ်ခုခုဖြင့် အသံသွင်းကာ စီဒီဖြင့်ပေးပို့ရ မည်ဖြစ်ပြီး သီချင်းစာသား အပြည့်အစုံ ပါရမည်ဖြစ်ကြောင်း၊ သီချင်းကို ကိုယ်တိုင်လာရောက်ပေးပို့ရမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာ ခံစားခွင့် တစ်စုံတစ်ရာ ရမည်မဟုတ်စသော အချက် ၇ ချက်ကို အထက်ပါ အစီအစဉ်မှ အသိပေးထားသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template