မေ ၃၀ ရက် မြန်မာနဲ့ အမေရိကန်အသင်းတို့ ကစားခဲ့ပြီးတဲ့နောက် မြန်မာ
အသင်းဟာ စိတ်ဓာတ်တက်ကြွတဲ့ အသင်းလို့ အမေရိကန် နည်းပြက
ချီးကျူးပြောဆိုသွားပါတယ်။
အမေရိကန်နည်းပြ တပ်ရာမိုစ်က လိုသလိုမကစားနိုင်ခဲ့တာ သေချာတယ်လို့ ပြောပါတယ်။
“အရမ်းကို စိတ်ဓာတ်တက်ကြွတဲ့ အသင်းတသင်းကို ကျနော်တို့ ရှေ့မှာ တွေ့လိုက်ရပါတယ်၊
ကမ္ဘာဖလားကို ရောက်ာလတဲ့ မျက်နှာသစ်တွေပါ။ ကျနော်တို့ကို ကြိုးကြိုးစားစား
ရင်ဆိုင်သွားပါတယ်။ ကျနော်တို့အသင်း ကစားပုံညံ့ဖျင်းအောင် သူတို့
လုပ်သွားတယ်။ ကျနော်တို့အတွက် ခက်ခဲ့ပါတယ်” လို့ တပ်ရာမိုစ်က ပြောပါတယ်။
ဒါအပြင် အသင်းကို တိုးတက်အောင်လုပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပထမပိုင်းမှာ ကံမကောင်းခဲ့သလို
အမေရိကန်တွေရဲ့ ကောင်းမွန်တဲ့ကစားကွက်ကို မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
“အမေရိကန်တွေ ကစားပုံက ပိုကောင်းတာကို မတွေ့ခဲ့ရပါဘူး၊ သူတို့
အတွေ့အကြုံပိုရှိတယ်၊ အမေရိကန်က ကျနော်တို့အတွက် အရမ်းနပ်သလို ကျနော်တို့
သူတို့ဆီကနေ လေ့လာရပါမယ်” လို့ ဂတ်ဆီဇီက ပြောပါတယ်။
ပွဲကြည့်ပရိတ်သတ် ၅၈၁၆ ဦး လာကြည့်တဲ့ မြန်မာနဲ့ အမေရိကန်ပွဲမှာ မြန်မာက အမေရိကန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ဒီပွဲမှာ အမေရိကန်အသင်း ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်း၊ မြန်မာက
၄၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အမေရိကန်က ဂိုးသွင်းခွင့် ၁၄ ကြိမ်၊ မြန်မာက
၁၁ ကြိမ် ရခဲ့တယ်လို့ ဖီဖာကထုတ်ပြန်ပါတယ်။
DVB