Headlines News :
Home » » တရုတ်က တောင်တရုတ်ပင်လယ်ကျွန်းတုများပေါ်တွင် အမြောက်လက်နက်များ ချထားဟုဆို

တရုတ်က တောင်တရုတ်ပင်လယ်ကျွန်းတုများပေါ်တွင် အမြောက်လက်နက်များ ချထားဟုဆို

Written By Live100 on Saturday, May 30, 2015 | 11:15 PM



စင်ကာပူ မေ ၂၉

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်ထားသော ကျွန်းတုပေါ်၌ ရွှေ့ပြောင်းနိုင်သော အမြောက်စနစ်များ ကို ဖြန့်ကြက်ထားကြောင်း အမေရိကန်ပြည်ထောင်စုက ယနေ့ ပြောကြားသည်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယင်းသို့ လုပ်ဆောင်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သကဲ့သို့ တင်းမာမှုများလည်း ပိုမိုပြင်းထန်လာစေမည်ဖြစ်သည် ဟု ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ဘီနှင့်အတူ ခရီးလိုက်ပါလာ သော ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဘရင့်ကိုလ်းဆန်းက အမေ ရိကန်ပြည်ထောင်စုသည် ယင်းလက်နက်ကိစ္စကို အလေးအနက် ထားကြောင်းပြောကြားသည်။

အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်ကော်မတီ ဥက္ကဋ္ဌ မက်ကိန်းက ထိုလုပ်ရပ်သည် တင်းမာမှုကို အရှိန်ပြင်းထန် စေမည်ဖြစ်သော်လည်း ပဋိပက္ခသို့ ဦးတည်ခြင်းမရှိဟုဆိုသည်။

ပေကျင်းတွင်မူ တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ထိုလက်နက်ကိစ္စသတင်းကို မရရှိကြောင်း ပြောကြားသည်။ ယခုနှစ်တွင် ဧက ၁၅ဝဝဝ အပါအဝင် တောင်တရုတ်ပင်လယ်အတွင်းမှ သဘာဝအရင်းအမြစ်များကြွယ်ဝသည့် စပရက်တလီကျွန်းစုပေါ်တွင် ကင်းစခန်းငါးခုအတွက် ဧက ၂ဝဝဝ ခန့် ဖော်ထုတ်ရန် သောင်တူးသောလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်ဟု အမေရိကန်တာဝန်ရှိသူများကပြောကြားသည်။

လေယာဉ်ပြေးလမ်းများ၊ ဆိမ်ကမ်းများပါရှိသောကျွန်းတုကို တည်ဆောက်နေသည့် သောင်တူးသင်္ဘောများ၊ သင်္ဘောများကို အမေရိကန်ထောက်လှမ်းရေးလေယာဉ်က ဓာတ်ပုံရိုက်၍ ထုတ်လွှင့်ပြသခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်တရုတ်ပင်လယ် အတွင်း ကျွန်းစုများတည်ဆောက်ခြင်းကိုရပ်တန့်ရန် တရုတ်နိုင်ငံ အား မေ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

စင်ကာပူနိုင်ငံ ရှန်ဂရီလာလုံခြုံရေးညီလာခံ၌ စနေနေ့တွင် ¤င်းက မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ရေကြောင်းလုံခြုံရေးနှင့် လွတ်လပ်စွာရေကြောင်းသွားလာရေးပြဿနာများကို ထည့်သွင်း ပြောကြားမည်ဟု မျှော်လင့်ရသည်။

ရိုက်တာ။
The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template