Headlines News :
Home » » အမျိုးသမီး တစ်ဦးအား တရုတ်လုပ် ငန်းရှင်ထံ ယွမ် ၄၀၀၀၀ ဖြင့်ရောင်း

အမျိုးသမီး တစ်ဦးအား တရုတ်လုပ် ငန်းရှင်ထံ ယွမ် ၄၀၀၀၀ ဖြင့်ရောင်း

Written By လွင့်မောင်မောင် on Sunday, June 24, 2012 | 7:15 PM

ရန်ကုန် မြောက် ဥက္ကလာပ မြို့နယ်၊ ၈ ရပ်ကွက်နေ (၃၅)နှစ် အရွယ် အမျိုးသမီး တစ်ဦးအား တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးထံ ယွမ်လေးသောင်း (ကျပ် ၅၂ သိန်းဝန်းကျင်) ဖြင့် ရောင်းချမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး  အစိုးရ
အဖွဲ့မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ စတိုးဆိုင်၌ တစ်လလျှင် နှစ်သိန်းကျပ်နှင့် နေ့စဉ်ဘောက်ဆူးငွေ တစ် သောင်းကျပ်ရရှိမည်ဟု မ/၄၁၊ ၀ဏ္ဏကျော်စွာလမ်း၊ ၁၄ ရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်၊ မြောက် ဥက္က လာပမြို့နယ်နေသူ ဒေါ်မြတ်မြတ်လွင်က သွေးဆောင်စည်းရုံးခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီ ၁၀ ရက်တွင် ယင်းမြို့သို့ပို့ဆောင်ခဲ့သည်။


မေ ၁၅ ရက် လူကုန်ကူးခံရသူ၏ ဖခင်ဖြစ်သူ ဦး-- သည် သမီးဖြစ်သူနှင့် အဆက်အသွယ် ရရှိကာရောင်းချခံလိုက်ရသည်ကို သိရှိရ၍ လူကုန်ကူး(အထူး)အဖွဲ့ရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဒေါ်မြတ်မြတ်လွင် အပေါ် အရေးယူပေးရန် ရကရ လူကုန်ကူးအထူးအဖွဲ့၊ ရဲအုပ်အောင်စိုးက  တရားလိုပြုလုပ်တိုင်တန်းမှုအား မြောက်ဥက္ကလာပရဲစခန်းက (ပ)၆၆၃/ ၁၂၊ လူကုန်ကူးပုဒ်မ-၂၄ ဖြင့် ၂၀၁၂ ဇွန် ၁၇ ရက်၊ ည ၇ နာရီမိနစ် ၂၀ အချိန်တွင် အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်အောင်မြင့်ဦးက တရားခံဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးခံရသော (၃၅) နှစ်အရွယ် မ--- ကိုလည်း ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template