Headlines News :
Home » » ဂျပန် အကူအညီဖြင့် လွှတ်တင်မည့် ဂြိုဟ်တုသည် ဆက်သွယ်ရေး ကဏ္ဍသုံးမဟုတ်

ဂျပန် အကူအညီဖြင့် လွှတ်တင်မည့် ဂြိုဟ်တုသည် ဆက်သွယ်ရေး ကဏ္ဍသုံးမဟုတ်

Written By လွင့်မောင်မောင် on Sunday, June 24, 2012 | 12:36 PM

ရန်ကုန်၊ ဇွန် ၁၉
 ဂျပန်အကူအညီဖြင့်လွှတ်တင်မည့် ဂြိုဟ်တုသည်ဆက်သွယ်ရေးကဏ္ဍအတွက် သုံးစွဲမည့်ဂြိုဟ်တု မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
 ”ဆက်သွယ်ရေး ဂြိုဟ်တုက တော့လွှတ်တင်ဖို့မရှိတော့ပါဘူး။ ဒီအတွက်လည်းလွှတ်တော်မှာတင်ပြ ထားပြီးသားပါ။အခုလွှတ်မယ့်ဂြိုဟ် တုကသေးသေးလေးပါ။ ကျွန်ေ တာ် တို့ဆက်သွယ်ရေးနက်ဝပ်(Network) က အကြီးကြီးဖြစ်တဲ့အတွက် ဘယ် လိုမှ ဝင်ရောက်သုံးစွဲလို့ မရပါဘူး” ဟု ၄င်းက ပြောသည်။အဆိုပါဂြိုဟ်တုအား ဂျပန်နိုင်ငံ အကူအညီဖြင့် မိုးလေဝသနှင့်ဇလ ဗေဒ ဦးစီးဌာနမှ အဓိကထားလွှတ် တင်ခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် နိုင်ငံပိုင်ဆက်သွယ်ရေး ဂြိုဟ်တု အား ကိုယ်ပိုင်လွှတ်တင်ခြင်း မရှိတော့သော်လည်း တခြားနိုင်ငံ မှ လွှတ်တင်ထားသည့် ဂြိုဟ်တု အား ဆက်လက်ငှားရမ်း သုံးစွဲသွား မည်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးလုပ်ငန်းများ အတွက်ဂြိုဟ်တုငှားရမ်းသုံးစွဲခြင်းကို ၂ဝဝဝပြည့်နှစ်မှစတင်သုံးစွဲခဲ့ကြောင်း ယင်းဌာနမှ သိရသည်။
အောင်ဇော်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template