Headlines News :
Home » , » "လျှပ်တစ်ပြက် ဂျာနယ်အယ်ဒီတာချုပ်အား အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်"

"လျှပ်တစ်ပြက် ဂျာနယ်အယ်ဒီတာချုပ်အား အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်"

Written By လွင့်မောင်မောင် on Sunday, June 24, 2012 | 11:58 AM



မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ သတင်းထုတ်ပြန်ချက် ၃/၂၀၁၂

၁။ လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၅၀၅(ခ) (ဂ)ဖြင့် တရားစွဲဆိုမည့်အကြောင်း အကြောင်းကြားစာကို ပေးပို့ခဲ့ကြောင့်သိရှိရပါသည်။

၂။ ယနေ့အချိန်အခါသည့် ပွင့်လင်းသော နိုင်ငံရေးစနစ်တစ်ခုနှင့်အတူ မြန်မာ့လူဘောင်ကိုလည်း ပွင့်လင်းလူ့ဘောင်တစ်ခုအဖြစ် တည်ဆောက်နေသည့် အချိန်အခါလည်းဖြစ်ပါသည်။

၃။ အတိတ်ကာလများနှင့် နှိုင်းယှဉ်လျှင် မြန်မာ့သတင်းမီဒီယာများသည် ပိုမိုလွတ်လပ်ပွင့်လင်းသော ခေတ်သစ်တစ်ခုဆီသို့ ရွေ့လျားနေသောအချိန်လည်းဖြစ်ပါသည်။ ထို့အပြင် ဒီမိုကရေစီနှင့်လိုက်လျော ညီထွေဖြစ်မည့် တောင့်တင်းသော စတုတ္ထမဏ္ဍိုင်ကိုတည်ဆောက်နေသည့် ကာလလည်းဖြစ်ပါသည်။

၎။ နိုင်ငံရေးစီးပွားရေးများအသွင်ကူးပြောင်းနေခြင်းနှင့်အတူ မြန်မာ့သတင်းမီဒီယာများသည်လည်း လိုက်လျောညီထွေ အသွင်ကူးပြောင်းနေခြင်းဖြစ်ပါသည်။

၅။ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များချောမွေ့အောင်မြင်ရေးအတွက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးခုသည် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများနှင့် နားလည်မှုများ၊ ယုံကြည်မှုများကို အပြန်အလှန်တည်ဆောက်သွားကြရမည်လည်းဖြစ်ပါသည်။

၆။ သတင်းမီဒီယာများသည်လည်း အသွင်ကူးပြောင်းနေသည့် ကာလဖြစ်သောကြောင့် ချို့ယွင်းအား နည်းချက်များရှိနိုင်ပါသည်။ ထို့အတူ အခြားမဏ္ဍိုင်ကြီးသုံးရပ်သည်လည်း အသွင်ကူးပြောင်းနေသော ကြောင့် ချို့ယွင်းအားနည်းချက်များရှိကြမည်လည်းဖြစ်ပါသည်။

၇။ အသွင်ကူးပြောင်းရေးကာလ၏ သဘောသဘာဝအလျောက် ဖြစ်ပေါ်တတ်သော ချို့ယွင်း အားနည်းမှု ရှိခြင်းများကို တစ်ဘက်နှင့်တစ်ဘက် သဘောထားကြီးစွာ နားလည်ပေးခြင်း၊ အပြု သဘောဖြင့် တည့်မတ် ပေးခြင်း၊ ဥပဒေများဖြင့် ဟန့်တားခြင်းထက် စည်းရုံးပညာပေးခြင်းများဖြင့် သိမ်မွေ့စွာ ဆောင်ရွက်သင့် သည်ဟု ကျွန်ုပ်တို့ သဘောရပါသည်။

၈။ ယင်းကဲ့သို့သော အခါသမယတွင် သတင်းမီဒီယာများအား တရားစွဲဆိုခြင်းများ၊ ခြိမ်းခြောက်ခြင်း များသည် အပြန်အလှန်ယုံကြည်နားလည်မှု တည်ဆောက်ရေးအတွက် အဟန့်အတားများဖြစ်စေ နိုင်ပါသည်။

၉။ စည်းကမ်းဖောက်ဖျက်မှုကြောင့်ဟုဆိုကာ လျှပ်တစ်ပြက်ဂျာနယ်အား ထုတ်ဝေခွင့်လိုင်စင်ကို ယာယီ ရပ်ဆိုင်းထားခြင်းဖြင့် အုပ်ချုပ်ရေး အာဏာအရ အရေးယူခဲ့ပြီးဖြစ်ပါသည်။

၁၀။ ထို့ကြောင့် အုပ်ချုပ်ရေးအပိုင်းမှ အရေးယူပြီးဖြစ်သည့်အတွက် လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာ ချုပ်အား ဥပဒေကြောင်းအရ ထပ်မံအရေးယူရန်ဆောင်ရွက်နေမှုအား ပြန်လည်ရုပ်သိမ်းပေးပါရန် မြန်မာ နိုင်ငံသတင်းစာ ဆရာအသင်းဖြစ်မြောက်ရေး ကော်မတီက သက်ဆိုင်ရာသို့ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။

၂၃-၆-၂၀၁၂တွင်ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၊

ရန်ကုန်မြို့။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template