Headlines News :
Home » » လေးလအတွင်း မြန်မာသို့ ဧည့်အဝင် ယမန်နှစ်ထက် ငါးသောင်းနီးပါးတက်

လေးလအတွင်း မြန်မာသို့ ဧည့်အဝင် ယမန်နှစ်ထက် ငါးသောင်းနီးပါးတက်

Written By လွင့်မောင်မောင် on Monday, June 25, 2012 | 12:21 PM

ရန်ကုန်၊ ဇွန် ၁၄
ယခုနှစ် ပထမ ၄ လအတွင်း  မြန်မာနိုင်ငံသို့ ခရီးသည်လာရောက်မှုသည် ယမန်နှစ်ထက် ငါးသောင်းနီးပါး ပိုများလာကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတ်တမ်းများအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း လာရောက်သော ပြည်ပဧည့်များအနက် ခရီးသွားအေးဂျင့်များနှင့် ချိတ်ဆက်လာရောက်သော ဧည့်သည်မှာ ယမန်နှစ်ထက် ၄၁ဝဝဝ ကျော်ပိုများခဲ့ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်သော ဧည့်သည်မှာ တစ်သောင်းနှစ်ထောင်ကျော် ပိုများခဲ့ကြောင်း သိရသည်။

”စပိန်တို့ အီတလီတို့က ဒီလိုအချိန်မှ လာကြတာမို့ ခရီးသွားကများနေတုန်းပဲလို့ ပြောရမှာပေါ့။ ထူးခြားတာက ဒီနှစ်စီးပွားရေး လုပ်ငန်းတွေအတွက် ဝင်လာတဲ့ဧည့်သည် သိသိသာသာ များလာတာပဲ” ဟု မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီ (MMC)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရေး အပြောင်းအလဲ များကြောင့် စီးပွားရေးဆိုင်ရာ ဆွေး နွေးမှုများ ပြုလုပ်လို၍ လာရောက် သောဧည့်သည်များလာခြင်းဖြစ် ကြောင်း ပုံမှန်အားဖြင့်မူ မိုးဦးကျ ကာလတွင် ဧည့်ဝင်ရောက်မှု လျော့ ကျလေ့ရှိ ကြောင်းလည်း ဟိုတယ်/ ခရီးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
”အရင်နှစ်ထက် ၃ဝ ရာခိုင်နှုန်း လောက်တက်တယ် ဆိုပေမယ့် ဒေသတွင်းနိုင်ငံတွေဝင်တဲ့ ဧည့်အရေအတွက်နဲ့ ယှဉ်ရင်တော့ နည်း နေသေးတယ်”ဟု MMCမှ တာဝန်ရှိသူက သုံးသပ်သည်။
လက်ရှိတွင် ဆိုက်ရောက်ဗီဇာ  ပေးလိုက်သောကြောင့် စီးပွားရေးအတွက်လာသော ဧည့်ပိုများလာနိုင်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည် ဆိုက်ရောက်ဗီဇာ ပေးလိုက်ပါက ဧည့်အဝင် ပိုများလာနိုင်ကြောင်းလည်း ၄င်းက ပြောသည်။
ယခုနှစ်တွင် ဧည့်သည်များက ရထား၊ ကားစသည်တို့ဖြင့် ခရီးသွားရန် တောင်းဆိုမှုများ ရှိလာသောကြောင့်၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ကိုလည်း တိုးမြှင့်ရန်လိုအပ်မည်ဟု ၄င်းကပြောသည်။
”တချို့ဧည့်သည်တွေက မန္တ လေးကို ရထားနဲ့သွားချင်တယ်။ ဒါပေမဲ့ ရထားလက်မှတ် တန်းစီရတာတွေ ဘာတွေရှိတော့ အဆင်မပြေဘူး။ အဲလိုပဲကားနဲ့ဆိုလည်း လမ်းတွေကောင်းဖို့ပေါ့” ဟု ၄င်းက ပြောသည်။
ယမန်နှစ် ၄ လတာအတွင်း ပြည်ပဧည့် စုစုပေါင်း ၁၁၈၉၁ဝ ဦး ဝင်ရောက်ခဲ့ပြီးယခုနှစ်တွင် ၁၇၅၉၃ဝ ဦး ဝင်ရောက်ခဲ့သည်။ အာရှမှ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်တို့က အများဆုံး လာရောက်ခဲ့ကြ ပြီး ဥရောပမှ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့မှအများဆုံး လာရောက်ခဲ့ကြောင်း သိရသည်။
မေဇင်ဝင်း၊ ဝေယံမိုးမြင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template