Headlines News :
Home » » အီဂျစ် သမ္မတ ရွေးကောက် ပွဲ မှာ မော်စီ အနိုင် ရရှိ

အီဂျစ် သမ္မတ ရွေးကောက် ပွဲ မှာ မော်စီ အနိုင် ရရှိ

Written By လွင့်မောင်မောင် on Sunday, June 24, 2012 | 11:11 PM

by FNG on June 24, 2012
120522050221-egypt-mohamed-morsi-story-top


ဒီနေ့  ထုတ် ပြန် တဲ့ အီဂျစ် သမ္မတ ရွေးကောက် ပွဲ ရလဒ် မှာ မွတ်ဆလင် ညီ
အကို တော် များ အဖွဲ့  က ကျောထောက် နောက်ခံ ပေး တဲ့ Freedom and Justice
ပါတီ က မော်စီ အနိုင် ရရှိ သွား ခဲ့ ပါတယ်။

မော်စီ အနိုင် ရရှိ သွား ခဲ့ လို့  သူ့  ကို ထောက် ခံ သူ တွေ ဟာ တီဟီရာ ရင် ပြင် မှာ စုရုံးပြီး
အောင်ပွဲ ခံ နေကြ ပါတယ်။ LIVE ထုတ်လွှင့် မှု
ဒေါက်တာ မိုဟာမက် မော်စီ ဟာ မဲ အရေ အတွက် ၂၆ သန်း ထဲ က ၁၃. ၂ သန်း ကို ရရှိခဲ့
ပြီး ၅၁ ရာ ခိုင်နှုန်း နဲ့  အနိုင် ရရှိ ခဲ့ တာ ဖြစ်ပါတယ်။ စစ်တပ် က ကျောထောက် နောက်ခံ
ပေး တယ် ဆို တဲ့ သူ ရဲ့ ပြိုင်ဘက် အာမက် ရှာ ဖစ် က တော့ ၁၂.၃ သန်း သာ ရရှိ ခဲ့ တယ်
လို့  အီဂျစ် ရွေးကောက် ပွဲ ကော်မရှင် က သတင်း ထုတ် ပြန်ပါတယ်။
ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဖာရွတ် ဆူလတန် က တော့ စစ်တပ် က ဦးစီး ကျင်းပတယ်
ဆို ပေမယ့် ရွေးကောက် ပွဲ ရလဒ် ဟာ လွတ်လပ် မှု နဲ့  မျှ တ မှု ရှိ ပြီး ဘယ်သူ့  ကို မှ မျက်နှာ
သာပေး ဆုံး ဖြတ် ခဲ့ ခြင်း မရှိ ဘူး လို့  ဆို ပါတယ်။
မော်စီ ဟာ မူဘာရက် ခောတ် လွန် အီဂျစ် နိုင်ငံ မှာ ပြည်သူ က ရွေးကောက် တဲ့ သမ္မတ အဖြစ်
ပထမ ဦး ဆုံး ကြေငြာ ခံ ရသူ ဖြစ်ပါတယ်။
အီဂျစ် နိုင်ငံ မှာ အင်အားကောင်း တဲ့ အဖွဲ့  အစည်း ကြီး တစ်ခု ဖြစ်တဲ့ Muslims Brotherhood
က ကျောထောက် နောက် ခံ ပေးထား တဲ့ Freedom and Justice ပါတီ က ခေါင်းဆောင် မိုဟာ
မက် မော် စီ အနိုင် မရ ခဲ့ ရင် လူ ထု အုံ ကြွ မှု တွေ ပိုပြင်းထန် လာနိုင် ပြီး အီဂျစ် နိုင်ငံ မှာ ဒုတိယ
မြောက် တော် လှန် ရေး ဆက် ဖြစ် နိုင် တယ် လို့  နိုင်ငံ တကာ မဟာ ဗျူဟာ လေ့လာ ရေးဌာန က
သုံး သပ် ထား ပါတယ်။
အီဂျစ် စစ်ကောင် စီ က ဒီနေ့  တနင်္ဂနွေ နေ့ မှာ သမ္မတ ရွေး ကောက် ပွဲ ရလာဒ် ကို ထုတ် ပြန်မှာ ဖြစ်
ပါတယ်။ မော်စီ နဲ့  ပြိုင် ဘက် သမ္မတ လောင်း ဖြစ်တဲ့ အသက် ၇၀ နှစ် အရွယ် ရှိ အာမက် ရှာ ဖစ် ဟာ
မူဘာရက် အစိုးရ လက် ထက် မှာ ရာထူးကြီး တာဝန် တွေ ထမ်းဆောင် ခဲ့ ပြီး ၂၀၁၁ ခုနှစ် အီဂျစ် နိုင်
ငံ လူ ထု အုံကြွ မှု အတွင်း မှာ ၀န်ကြီး ချုပ် တာဝန် ထမ်းဆောင် ခဲ့ သူ ဖြစ်ပါတယ်။
အီဂျစ် ပြည်သူ တွေ က အနိုင်ရရ စေချင် တဲ့ မိုဟာမက် မော်စီ ကတော့ မူဘာရက် အစိုးရ လက် ထက်
မှာ အာဏာ ဖီဆန် မှု နဲ့  မကြာခဏ ဖမ်းဆီး ထိမ်းသိမ်း ခံ ရ  ပြီး ၂၀၁၁ ခုနှစ် အီဂျစ် နိုင်ငံ မှာ လူ ထု
အုံကြွ မှု တွေ ဖြစ် ပွား နေစဉ် အတွင်း မှာ အကျဉ်းထောင် တွင်း ဖမ်းဆီး ထိမ်းသိမ်း ခံ ခဲ့ ရ ပြီး ဆန္ဒ
ပြသူ တွေ က ထောင် ဖောက် ပြီး နိုင်ငံ ရေး အကျဉ်း သား တွေ ကယ် ဆယ် တဲ့ အခါ  မော်စီ ဟာ
အချုပ် ခန်း ထဲ က ထွက် ပြေး ဖို့  ငြင်းဆန် ပြီး တရား စီရင် ရေး စနစ် ကို စိမ် ခေါ် ခဲ့ ပါတယ်။
ဒေါက်တာ မိုဟာမက် မော်စီ ဟာ ကိုင်ရို တက္ကသိုလ် က နေ မဟာ ၀ဇ္ဇာ ဘွဲ့  ရရှိ ခဲ့ ပြီး ၊ တောင်ပိုင်း
ကာ လီ ဖိုးနီးယား တက္ကသိုလ် က နေ အင်ဂျင် နီယာ  ဘာသာ ရပ် နဲ့  ပါ ရဂူ ဘွဲ့  ကို ရရှိ ခဲ့ ပါတယ်။
ပြီးခဲ့ တဲ့ ဗုဒ္ဓဟူး နေ့  က စပြီး  စစ်အုပ် ချုပ် ရေး အဆုံးသတ် ဖို့  အတွက် ကိုင်ရို မြို့  တီဟီရာ ပြင်မှာ
ဆန္ဒပြ သူ တွေ ပြန် စု ရုံးခဲ့ ကြ ပါတယ်။  ဆန္ဒပြ သူ တွေ ဟာ ညဘက် မှာ လည်း ရွက် ဖျင် တဲ တွေ
နဲ့  စခန်း ချ ပြီး သမ္မ တ ရွေး ကောက် ပွဲ ရလဒ် ကို မှန် မှန် ကန် ကန် ထုတ် ဖော် ပေး ဖို့  တောင်း ဆို
ခဲ့ ကြ ပါတယ်။
သမ္မတ လောင်း နှစ်ဦး စလုံး က တော့ နိုင်ငံ တွင်း မှာ တရား မျှ တ မှု နဲ့  ဒီမိုကရေစီ ထွန်းကား အောင်
ဆောင် ရွက် ပေး မယ် လို့  ကတိ ပေးထား ကြ ပါတယ်။
အာမက် ရှာ ဖစ် ကို ထောက် ခံ သူ တွေ က လည်း ကိုင် ရို မြို့  စွန် နဲ့  တီဟီရ် ရာ ရင် ပြင် နားမှာ ထောက်
ခံ ဆန္ဒပြ မှု တွေ ကျင်းပ ခဲ့ ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template