Headlines News :
Home » » ရန်ကုန်-ဘန်ကောက် ခရီးသည်တင်ယာဉ် ပြေးဆွဲရန် စီစဉ်နေ

ရန်ကုန်-ဘန်ကောက် ခရီးသည်တင်ယာဉ် ပြေးဆွဲရန် စီစဉ်နေ

Written By လွင့်မောင်မောင် on Monday, June 25, 2012 | 11:57 AM

(ရန်ကုန်၊ ဇွန် ၁၈)
ရန်ကုန်မှ ဘန်ကောက်မြို့သို့ မော်တော်ယာဉ် ခရီးစဉ်သစ် ပြေးဆွဲရန် စီစဉ်နေကြောင်း JJ Express မှသိရသည်။
JJ Express မှ တာဝန်ရှိသူ တစ်ဦးက ”အာဆီယံ ဒေသတွင်း နိုင်ငံတွေမှာ ဆိုရင် မော်တော်ယာဉ်နဲ့ စင်ကာပူ-မလေးရှား၊ ထိုင်း-မလေး ရှားလည်း ရှိနေတော့ ကျွန်တော် တို့ ဆီမှာလည်း ဒါက မလွဲမသွေ ကြုံ လာမှာပဲလေ။ ဒါကြောင့် ရန်ကုန်-ဘန်ကောက် ခရီးစဉ်ပြေးဆွဲဖို့ စီစဉ် နေခဲ့တာပါ” ဟု ပြောသည်။
ရန်ကုန်-ဘန်ကောက် ခရီးစဉ် ပြေးဆွဲရန် E-lite ခရီးသည် သယ်ယူပို့ဆောင်ရေးမှ ၄င်းတို့ထက် ကြိုတင်စီစဉ်မှု ရှိခဲ့ကြောင်း ယင်းခရီးစဉ် ပြေးဆွဲမည် ဆိုပါက ရန်ကုန်၊ မြဝတီ၊ မဲဆောက်၊ ဘန်ကောက် စသည် ဖြင့် ခရီးစဉ်သစ် အားပြေးဆွဲသွား မည်ဖြစ်သည်။

သို့သော် နှစ်နိုင်ငံ ယာဉ်လိုင်း ပြေးဆွဲပါက ဘယ်မောင်း၊ ညာ မောင်း အခက်အခဲများ ရှိနိုင်၍ စဉ်းစား သုံးသပ်နေရကြောင်း ၄င်းမှာ မြန်မာနိုင်ငံ၌ ခရီးသည်တင် ယာဉ် များမှာ ညာမောင်းဖြစ်ပြီး ထိုင်းနိုင် ငံတွင် ဘယ်မောင်း ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။
JJ Express  မှ လက်ရှိတွင် ရန်ကုန်-နေပြည်တော်နှင့် ရန်ကုန် -မန္တလေး ခရီးစဉ်များကိုနေ့စဉ် ပုံမှန် ပြေးဆွဲလျက်ရှိသည်။
JJ Express စီးပွားဖက်များ ဖြစ်သော လက်မှတ်အရောင်းကိုယ် စားလှယ်ကြီး များအားဂုဏ်ပြု ညစာ စားပွဲနှင့် ဆုပေးပွဲ အစီအစဉ်ကို ဇွန် ၁၆ ရက် ညနေ ၆နာရီတွင် Oriental House ၌ကျင်းပခဲ့သည်။
ထက်ထက်မိုးမြင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template