Headlines News :
Home » , » ဇွန်လ၁၉ရက်ရသေ့တောင် မြို့နယ်ကူတောင်ရွာကရင်နင့်ဖွယ်

ဇွန်လ၁၉ရက်ရသေ့တောင် မြို့နယ်ကူတောင်ရွာကရင်နင့်ဖွယ်

Written By လွင့်မောင်မောင် on Sunday, June 24, 2012 | 10:55 PM

Zaw Lwin Win(facebook) မှကူးယူဖော်ပြသည်။

Jun 24, 2012 3:12pm
ရသေ့တောင် မြို့နယ်ထဲက ကုလားရွာ အနောက်ပြင် နဲ့ ရခိုင်၇ွာ ကူတောင်ဟာ ပဋိပက္ခ မဖြစ်ခင်က နှစ်အိမ့် တစ်အိမ်လို နေကြတာ ဖြစ်ပြီး တစ်ဦးကို တစ်ဦးသိကြပါတယ်။ တောင်ကုတ်ကိစ္စမှစပြီး ကုလား - ရခိုင် ပဋိပက္ခ စတင်လာချိန်မှာလည်း ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ တိုင်ပင်ထားခဲ့ကြပါတယ်။

ရခိုင်တွေဖက်က အေးချမ်းတယ်လို့ ထင်နေကြချိန်မှာ ကုလားရွာ အနောက်ပြင်ကတော့ လူသတ်ဖို့ ပြင်ဆင်နေကြပါတယ်။ ရွာပတ်လည် ရေသွင်းခြင်း၊ သွားလာရေးခက်စေရန် လယ်ထွန်ထားခြင်းတွေလုပ်ပြီး ရန်သွားစ ပြန်ထွက်ပြေးလာမယ့် အဖွဲ့က တစ်ဖွဲ့ ၊ ရခိုင်တွေရောက်လာမယ့်အချိန် ဒါးတွေနဲ့ ခုတ်မယ့်အဖွဲ့က တစ်ဖွဲ့၊ မသေသေးသူတွေကို လက်ဖြတ်၊ ခြေဖြတ်၊ မျက်လုံးဖေါက် နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်အပြီး လည်လှီး ဟာလာလုပ်သတ်မယ့် သူတွေက တစ်ဖွဲ့အလောင်းဖျောက်မယ့်အဖွဲ့က တစ်ဖွဲ့ စသည်ဖြင့် ဖွဲ့စည်းခဲ့ပါတယ်။

၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှာတော့ အိမ်ခြေ ၈ အိမ်သာ ရှိတဲ့ ကူတောင်ရွာရှည် (မြန်မာလို ကူတောင်ရွာလေး) ကို ကုလား ဆယ်ယောက်လောက်က မီးသွားရှို့ကြပါတယ်။

ဒါကို ကူတောင်ရွာက ရွာသားတွေသိသွားတဲ့အခါ ပြေးလိုက်သွားခဲ့ပါတယ်။ ကူတောင်နဲ့ အနောက်ပြင် ကုလားရွာဟာ တစ်မိုင်လောက် ဝေးတာမို့ အနောက်ပြင်ကို ရောက်သွားတဲ့ ရခိုင်တွေဟာအ မောဆို့နေပြီး ရေတွေကို အဖြတ်မှာ ဆက်မသွားနိုင်တော့တဲ့အချိန် ရွာထဲက ကုလားတွေကို ၀ိုင်းပြီးဖမ်းဆီးကြပါတယ်။ ရွာထဲကို ဆွဲသွားပြီးတဲ့နောက် ရွာထဲမှာ ခြေဖြတ်၊ လက်ဖြတ်နဲ့ နည်းမျိုးစုံနဲ့ ညှင်းပန်းပြီးနောက် လည်လှီး လူသတ်လိုက်ကာ အလောင်းဖျောက်လိုက်ကြပါတယ်။ ရွာထဲကို ဆွဲသွားချိန်မှာလည်း ဘေးရွာတွေလှမ်းမြင်ရရင် သူတို့ရွာမီးလောင်နေပုံ ထင်ရအောင် သူတို့ရွာထဲက ကောက်ရိုးပုံတွေကို မီးရှို့ထားပါတယ်။ သတင်းရလို့ ရခိုင်လူမျိုးတွေ စုလာချိန်မှာတော့ ကုလားတွေက ကြိုတင်ပြီး စစ်တပ်ကို ဖုန်းဆက် အကြောင်းကြားတာမို့ ရခိုင်တွေက အနောက်ပြင်ရွာကို မဖျက်ဆီးခဲ့ကြပါဘူး။

အဖမ်းခံရချိန်အထိ မသတ်လောက်ဘူးလို့ ရခိုင်တွေက ထင်နေပေမယ့် အလောင်းကိုပါ ဖျောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ ကုလားတွေကို ဖမ်းဆီးနေပါပြီ။ ကုလားတွေလည်း ပြေးစရာမရှိတော့ပါဘူး။

ကျွန်မ ယောက်ကျားဟာ ကျောင်းဆရာဂုဏ်ပုဒ်တစ်ခုထဲနဲ့ မလုံလောက်လို့ အမျိုး၊ဘာသာ သာသနာကို ကာကွယ်ရင်း အာဇာနည်ပီပီ ကျဆုံးသွားတာမို့ ကျွန်မ ဖြေသာပါတယ် ဆိုတဲ့ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ကျဆုံးရဲဘော် တစ်ဦး၏ ကျန်ရစ်သူ ...


ရသေ့တောင်ကျေး၇ွာ၊ ကူတောင်ရွာသားတွေဟာ မနေ့က ညနေအချိန်အထိ ၀ါးချွန်ဘေးထား ဓါးထမ်းပြီး သွားလာနေရဆဲပါ
ရခိုင်ပြည် ရသေ့တောင်မြို့နယ် ကူတောင်(အောက်)ကျေးရွာ အနောက်ပြင် တွင် ဇွန်လ(၁၉)ရက်
နံနက် ၆နာရီ ၀န်းကျင်က ဘင်္ဂါလီရိုဟင်ဂျာများ ၀င်ရောက်မီးရှို့ရာမှ အကြမ်းဖက်မှုကြောင်း သေဆုံးသူများ၏အလောင်းများကို ဘင်္ဂါလီများမှပြန်မပေးခဲ့ပါ သို့ပါ၍ ရဟန်းတော် အပါး(၃၀)ခန့်နှင့်ရခိုင်အမျိုးသ
ား(၃၀)ခန့်မှလိုက်လံတောင်းဆိုရာ အလောင်းများပြန်လည်ရရှိသောကြောင့်ယနေ့(၂၁.၆.၂၀၁၂)နေ့ နံနက်(၁၀း၀၀)နာရီခန့်တွင် မယူမြစ် ကိုဖြတ်ကူး၍ ရရှိသောရုပ်အလောင်းများကိုသင်္ဂြိုလ်ရန် ကူတောင်ကျေးရွာသို့သွားရောက်နေကြပြီဖြစ်ကြောင်း ကိုဇော်လွင်ဝင်းမှ သတင်းပေးပို့ပါသည်။
-------------------------------------------------------------
၁၉-၆-၂၀၁၂ သေဆုံးသူများစာရင်း
--------------------------------------
၁။ သန္တာအောင် (အုပ်ချုပ်ရေးမှုးရုံး စာရေးမ)
၂။ မောင် အောင်အောင်ထွန်း (သူမ၏ သား) အသက် ၁၈နှစ်
၃။ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)
၎။ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)
၅။ ဦးပြူးချေ (အရပ်သား)
၆။ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ
၇။ ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း) အလောင်းပြန်လည်ရရှိ)
၈။ ဦးသောင်းရွှေထွန်း (အရပ်သား)
၉။ ဦးသန်းရွှေ (အရပ်သား)
၁၀။ ဦးသန်းဝင်း (အရပ်သား)
၁၁။ ဦးထွန်းဘော် (အရပ်သား)

(သတင်းပေးပို့သူ-ဇော်လွင်ဝင်း)
ရသေ့တောင်မြို့နယ်၊ ကူတောင် ကျေးရွာမှ သူရဲကောင်းတို့ ဂူဗိမ္မာန်

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template