Headlines News :
Home » » ဂီတနှင့် အသက်မွေးဝမ်း ကျောင်းပြုဖို့က ခက်ခဲသွားပြီဟု အဆိုတော် မျိုးကြီး ပြောကြား

ဂီတနှင့် အသက်မွေးဝမ်း ကျောင်းပြုဖို့က ခက်ခဲသွားပြီဟု အဆိုတော် မျိုးကြီး ပြောကြား

Written By လွင့်မောင်မောင် on Monday, June 25, 2012 | 12:05 PM

ရဲရဲ  http://popularmyanmar.com



မျိုးကြီးရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ‘ယူလိုက်’ စီးရီးကို ပရိသတ်တွေက MTV အနေနဲ့ တောင့်တနေကြပါပြီ။ မျိုးကြီးအနေနဲ့က တော့ သူ့ရဲ့MTV ကိုအားလုံးရိုက်ပြီး ပြီဖြစ်ကြောင်း၊စိစစ်ရေး တင်တဲ့အဆင့်ရောက်နေပြီ ဖြစ်ကြောင်းနဲ့၂ဝ၁၂ခုနှစ်ကုန် လောက်မှာပရိသတ်တွေခံစား နိုင်တော့မှာဖြစ်ပါတယ်။ ဇူလိုင်၁၄မှာ အင်္ဂလန်ရှိုးကို မျိုးကြီးလည်းသွားမှာဖြစ် တာကြောင့် ရှိုးပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း အင်တာဗျူးဖြစ်ခဲ့ပါ တယ်။
မေး-ဟိုးအရင် တုန်းကIC ရှိုးတွေ မှာ ကိုမျိုးကြီးရဲ့ ဆံပင်ရှည်တွေကို ယမ်းခါပြီးသီချင်း ဆိုတာ တွေ့ရတယ်။ ကိုမျိုးကြီးအနေနဲ့ကော ဆံပင် ရှည်ပြန်ထားဖို့ စိတ်ကူး ရှိလား။
ဖြေ- ကျွန်တော်တော့မထားတော့ဘူး။ ကိုလေးဖြူတို့၊ ကိုအငဲတို့တော့ ထားကြသေး တယ်။ ဆံပင်ရှည်ထားလာတာလည်း ဆယ်တန်းလောက်ကတည်း ကထားလာ တာဆို တော့ခေါင်းလျှော်ရတာလည်း တော်တော် ဒုက္ခရောက်တယ်။ နောက်ပိုင်းထားချင်စိတ်သိပ်မရှိတော့လို့ပါ။

 မေး-ကိုမျိုးကြီးတို့ဆိုရင် ဒီလောကထဲမှာ ဖြတ်သန်းလာတာ နှစ်တွေကြာနေပြီ။ ခုလိုသက်တမ်းရှည်ကြာတဲ့ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာကကော ဘာကြောင့် လို့ထင်လဲ။နောက်IC    ရဲ့ အောင်မြင်ရခြင်း အဓီကအကြောင်းကိုလည်းသိချင်ပါတယ်။
ဖြေ-ကျွန်တော်တစ်ယောက်တည်းအမြင်နဲ့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အတက် အကျတအားမြန်ကြတယ်။ ကိုယ့်နောက်မှာ နာမည်ကြီးလာကြတယ်။ ပြီးရင် ကိုယ့်ရှေ့မှာ တင်ပြန်ပြီးတော့ ပျောက်သွားကြတယ်။ အဲဒီ လိုမျိုးတွေတော့မြင်တယ်ဗျ။ ဘယ်လိုကြောင့်လဲဆိုတာတော့ မပြောတတ်ဘူး။ ကျွန်တော် တို့ အနေနဲ့ပြောရ ရင် ကျွန်တော်တို့က လှေကို တစ်ယောက်တည်း လှော်တာထက် အားလုံးဝိုင်းလှော်ကြတာပိုပြီး ခရီးရောက် မယ်ထင်တယ်။ ကျွန်တော်တို့IC  ကတော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညီပြီးညီညွတ်ကြလို့လို့ပဲ ထင်ပါတယ်။
 မေး-ဒီဘက်နောက်ပိုင်းက ရော့ခ်လူငယ် အဖွဲ့တွေနဲ့ ပတ်သတ်ပြီး ကိုမျိုးကြီး အားရတဲ့အဖွဲ့ရှိရင်လည်း ပြောပေးပါ။လူငယ်တွေရဲ့ စိတ်ဝင်စားမှုက ရော့ခ်နဲ့ ဟစ်ဟော့ပ် ဘယ်ဘက်မှာ ပိုများမယ် လို့ထင်လဲ။
ဖြေ-ကျွန်တော်အနေနဲ့ကတော့ ဟစ်ဟော့ပ် ပိုများလား၊ရော့ခ်ပိုများလား ဆိုတာတော့ သိပ်မသိဘူး။ဒါပေမဲ့ရော့ခ်ထဲက နောက်တက် တဲ့ မျိုးဆက်တွေကိုကြည့်ရတော့ အားရပါ တယ်။ဥပမာဆို Idiots တို့၊Wanted တို့၊Reason တို့ ညီလေးတွေတော်ကြပါတယ်။အကုန်လုံးကလည်း ကြိုးစားကြပါတယ်။
 မေး-ကိုမျိုးကြီးတို့ရဲ့  IC လိုမျိုး  IC ရဲ့ ခြေရာ ကို နင်းနိုင်မယ့် တီးဝိုင်းမျိုးကော ကိုမျိုးကြီး မြင်မိလား။
ဖြေ-အဲဒီလိုတော့ကျွန်တော် တစ်ခါမှ မစဉ်းစားမိဘူး။ဘာလို့လဲဆိုတော့ ခေတ် ရေစီးကြောင်းအရတစ်ယောက်နဲ့တစ်ယောက် ဖြစ်ပေါ်လာပုံက မတူကြဘူး။ အဲဒီတော့ သူတို့ခေတ်သူတို့အခါမှာ ခေတ်ရေစီးကြောင်း က တစ်မျိုးဖြစ်သွားမှာ။ ဒီလိုနှိုင်းပြီးပြောလို့ တော့မရဘူး။ ကျွန်တော့်အနေနဲ့တော့ လူငယ်တွေနဲ့ ပတ်သက်ရင် ကူညီဖို့ အသင့်ပါပဲ။ကျွန်တော်လုပ်ပေးနိုင်တာ အားလုံးလုပ် ပေးမှာပါ။
 မေး-ကိုမျိုးကြီးတို့အနေနဲ့ ဒီရော့ခ်ဂီတလမ်း ကြောင်း ပေါ်ကို ဝင်ရောက်ခဲ့စဉ်တုန်းက တော့ တော်တော်ခက်ခဲကြမ်းတမ်းခဲ့မှာပါ။ ခုနောက်ပိုင်းမှာ ဒီလောကထဲကို ဝင်ချင် တဲ့ လူငယ်မျိုးဆက်သစ်တွေကို အစ်ကို့အနေနဲ့ ဘယ်လိုစကားလက်ဆောင်မျိုး လက်ဆင့် ကမ်းချင်သေးလဲ။
ဖြေ-အဓိကကတော့ ဒီခေတ်အနေအထား အရဆိုရင်တော့ ဂီတနဲ့အသက်မွေးဝမ်း ကျောင်းဖို့ဆိုတာ တော်တော်ခက်တဲ့ အနေ အထားကို ရောက်သွားပြီ။ ဝါသနာနဲ့ တအား ရူးသွပ်မှကိုရမှာ။ ဒီတိုင်း တော်ရုံတန်ရုံနဲ့တော့ ဒီလောကထဲ ဝင်လာဖို့က မဖြစ်နိုင်ဘူး။ ရှင် သန်ဖို့ တော်တော်ခက်ခဲတဲ့ အချိန်ကို ရောက် သွားပြီ။ ကျွန်တော်တို့ တုန်းကလည်း ဆိုတာ ရော တီးတာရောကို နေ့တိုင်းနာရီသတ်သတ် မှတ်မှတ်နဲ့ လေ့ကျင့်ခဲ့တယ်။ မေး-အခုဆိုရင် မြန်မာနိုင်ငံဂီတအစည်း အရုံးလည်း အသစ်ပြန်လည်ဖွဲ့စည်းတော့ မယ်။ အဲဒီအပေါ်မှာကော ကိုမျိုးကြီးတို့ အနေနဲ့ ဘယ်လိုဖြစ်စေချင်လဲ။ အခုလက်ရှိ သွားနေတဲ့ ဂီတဈေးကွက်အပေါ်မှာကော ဘယ်လိုမြင်မိလဲ။
ဖြေ-ကောင်းပါတယ်။ အရင်လုပ်တဲ့ အဖွဲ့ အစည်းလည်းကောင်းပါတယ်။ ကျွန်တော် ကြည့်ရသလောက်က ဘာအကျိုးအမြတ်မှ မရှိဘဲ သက်သက်ကိုလုပ်ေ ပးကြတာေ လ။ အရင်အဖွဲ့ရော နောက်တက်မယ့်အဖွဲ့ရော အကုန်လုံးကို ကျွန်တော်အားပေးပါတယ်။ဂီတဈေးကွက်ကတော့တော်တော်ကိုကျဆင်း တယ်ပြောရမယ်။ အားရမှုမရှိ ဘူး။ အဲဒါက အကုန်လုံးပေါင်းပြီးလုပ်မှရမှာ။ အကြိမ်ကြိမ် ဆွေးနွေးပြီးရတဲ့အဖြေကိုလည်း တကယ် လက်တွေ့လုပ်မှပဲ တိုးတက်မှာပါ။
ရဲရဲ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template