Headlines News :
Home » » ရခိုင်တွင် အကြမ်းဖက်ခံရသူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်

ရခိုင်တွင် အကြမ်းဖက်ခံရသူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 6:51 AM



ရခိုင် ဒုက္ခသည်တဦးအားတွေ့ ရစဉ်
ဆူပူ အကြမ်းဖက်မှုများကြောင့် လူမျိုးစု နှစ်စုကြား ယုံကြည်မှုများ ပျက်စီးနေသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသူများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးရုံ သာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရေး အတွက်ပါ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အကြမ်းဖက် ခံရသူများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးရုံ သာမက စိတ်ပိုင်းဆိုင်ရာများပါ လွန်စွာ ထိခိုက်ဆုံးရှုံး သွားကြောင်း၊ ယင်းအကြမ်းဖက် ခံရသူများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး နှင့်အတူ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးများကို လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပိုမို ဆိုးရွားသွားကြောင်း၊ ယင်းစိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ပပျောက်နိုင်ရန် ပညာပေး အစီအစဉ်များ၊ Workshop များ ပြုလုပ်ပေးရန် လိုအပ်ပြီး နိုင်ငံတော် သာမက လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာကပါ အကူအညီ ပေးရန် လိုအပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောကြားသည်။

ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ပြီး နေအိမ် ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ လက်ရှိ ဒုက္ခသည် သောင်းဂဏန်းထိ ရှိနေသေးကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template