ပုပြင်ပြောင်းလဲရေးတွေ ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင်
အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါ ကို
ရောက်ရှိနေပြီလို့ သမ္မတ ဦးသိန်းစိန် က ပြောလိုက်ပါတယ်။
သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ညီလာခံကိုတက်ရောက်နေစဉ်
အတွင်း၊ အမေရိကန် ထိပ်တန်း စီးပွားရေးခေါင်းဆောင် (၂၀၀) လောက်
နဲ့တွေ့ဆုံခဲ့ရာမှာ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကမကထပြု စီစဉ်ခဲ့တာပါ။
ဒီပွဲမှာ ဦးသိန်းစိန် က မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ဆီလျှောက်လှမ်းနေ
သလို၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုလည်း ရှာကြံနေပါတယ်၊
မြန်မာနိုင်ငံတွင်းကို ရင်နှီးမြုပ်နှံမှု အများအပြား ၀င်ရောက်လာလိမ့်မယ်
လို့လည်း မျှော်လင့်ထားပါတယ်၊ မိမိတို့ အနေနဲ့ အပြန်အလှန်လေးစားမှု အပေါ်
အခြေတည်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား အတွက်
ပူးပေါင်းဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ Coca Cola/ Caterpillar/ Goldman Sachs နဲ့ Ford General
Motors စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေ ပါဝင်တက်ရောက်ခဲ့ ပါတယ်။
ဒီကနေ့ မှာတော့ အမေရိကန်လုပ်ငန်းရှင် (၇၀) လောက် ပါဝင်တဲ့အဖွဲ့ဟာ
မြန်မာနိုင်ငံကို သွားရောက် လေ့လာကြမှာဖြစ်ပါတယ်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago