Headlines News :
Home » , » အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်များ၏ လစာအား တိုးမြှင့်ပေးသွားမည်

အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်များ၏ လစာအား တိုးမြှင့်ပေးသွားမည်

Written By လွင့်မောင်မောင် on Friday, July 13, 2012 | 9:46 PM



စွမ်းဆောင်ရည် မြင့်မားပြီး လူမှုစီးပွား အဆင့်အတန်း မြင့်မားလာစေရန်အတွက် အလယ်တန်း ကျောင်းအုပ် ရာထူးနှင့် မူလတန်း ကျောင်းအုပ် ရာထူးများ၏ လစာနှုန်းထားများကို ပြင်ဆင်တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုသို့ သီးခြားလစာစရိတ် တိုးမြှင့်ပေးမှုမှာ လက်ရှိ အစိုးရလက်ထက်တွင် ပထမဆုံးသော အစီအစဉ် ဖြစ်သကဲ့သို့ ပညာရေးလောက အတွက်လည်း ထူးခြားသော အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းများမှ ပုဂ္ဂိုလ်များက သုံးသပ်ခဲ့ကြသည်။ ‘နိုင်ငံတော်အနေနဲ့ ရှေ့အလားအလာကို ကြည့်ပြီး လုပ်ဆောင်တာဖြစ်လို့ ကြိုဆိုပါတယ်။ ပညာရေး လောကရဲ့ လိုအပ်နေတဲ့ အနေအထားကို တွေ့မြင်လို့ ပြင်ဆင်ပေးတာလို့လည်း ယူဆလိှု့ရတယ်’ ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမတစ်ဦးက သုံးသပ်သည်။ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦး၏ လက်ရှိလစာ ၆၄၀၀၀ ကျပ်ဖြစ်ပြီး နောင်တွင် ကျပ်တစ်သိန်းတစ်သောင်းသို့ လည်းကောင်း၊ မူလတန်း ကျောင်းအုပ်ရာထူး၏ လက်ရှိလစာ နှုန်းထားမှာလည်း ကျပ် ၅၈၀၀၀ မှ နောင်တွင် ၆၄၀၀၀ ကျပ်သို့ တိုးမြှင့်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ‘လစာနှုန်းထား တိုးပေးမယ်ဆိုတော့ ပိုပြီး လုပ်ကိုင်လာနိုင်တယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်မထားဘဲ ရလာတဲ့ အခွင့်အရေးပါ’ ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အလယ်တန်း ကျောင်းအုပ် ၂၂၃၁ ဦး၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးရှိကာ လက်ရှိဝန်ထမ်းများ၏ အရည်အသွေး အရည်အချင်းများကို စိစစ်ပြီး တိုးမြှင့်ပေးသင့်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက နိုင်ငံပိုင် သတင်းစာသို့ ပြောကြားထားချက်အရ သိရသည်။ ထို့အပြင် မူလတန်းပြဆရာ၊ ဆရာမ ၆ သောင်းကိုလည်း လုပ်သက်၊ ပညာအရည်အချင်းများ စိစစ်ပြီး အလယ်တန်းပြများအဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ရှိကာ နိုင်ငံတော်အနေဖြင့် မူလတန်းပြဆရာတစ်ဦး လစာ ၅၂၀၀၀ ကျပ် အလယ်တန်းပြ လစာ ၅၈၀၀၀ ကျပ် ပေးထားကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတဝှမ်း ကျောင်းများအတွက် ထပ်မံခန့်အပ် ဖြည့်ဆည်းပေးရမည့် ဆရာ၊ ဆရာမ အရာထမ်း ၆၉၅ ဦး ၊ အမှုထမ်း ၁၉၇၇၀ ၊ ဝန်ထမ်း ၄၄၂၂ ဦး စုစုပေါင်း ၂၄၈၈၇ ဦးတို့ကို နှစ်အလိုက် တိုးချဲ့ခန့်သွားရန်ရှိပြီး ယင်းဝန်ထမ်းများ၏ တစ်လ လစာစရိတ် ငွေကျပ် ၁၃၄၀ ဒသမ ၇၆၂ သန်းနှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ် ၁၆၀၈၉ ဒသမ ၁၄၄ သန်း ကျခံ သုံးစွဲသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template