Headlines News :
Home » » ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးဦးဆောင်သော၈၈ကျောင်းသားအဖွဲ့ကေအိုင်အိုအဖွဲ့နှင့်တွေ့ဆုံ

၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးဦးဆောင်သော၈၈ကျောင်းသားအဖွဲ့ကေအိုင်အိုအဖွဲ့နှင့်တွေ့ဆုံ

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 12:15 PM

 

၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးဦးဆောင်သော ၈၈ကျောင်းသားအဖွဲ့သည် တစ်ပတ်အတွင်း ကေအိုင်အိုဒုတိယစစ်ဦးစီး ချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့် အစိုးရပိုင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီခေါင်းဆောင် ဦးအောင်မင်းတို့နှင့် အသီးသီး တွေ့ဆုံခဲ့ကြောင်း ၈၈ ကျောင်းသားများ၏ ဖေ့ဘွတ်စာမျက်နှာ တွင်ဓာတ်ပုံများနှင့်တကွဖော်ပြထားသည်။
     ကိုမြအေးနှင့် ၈၈ကျောင်းသားများသည် ဇူလိုင်လ၈ရက်တွင် ကချင်ပြည်နယ်လိုင်ဇာမြို့တွင် ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွမ်မော်၊ အတွင်းရေးမှူးဦးလနန်တို့နှင့်တွေ့ဆုံအပြီး၂ရက်အကြာတွင် ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေး မှု့များ ဆက်တိုက်လုပ်ဆောင်နေသော အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်ခရီးနှင့် ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ခဲ့မှု့များကို မနက်ဖြန်(ဇူလိုင်၁၂) နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ် ကာ အသိပေး သွားမည်ဖြစ်ကြောင်း ကိုမြအေးက 7 Day News ကိုပြောကြားသည်။ ပုံတွင် ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်၊အတွင်းရေးမှူးဦးလနန်တို့နှင့်အတူတွေ့ရသည့် ၈၈ကျောင်းသားများ။
ဓာတ်ပုံ- ၈၈မျိုးဆက်ကျောင်းသားများ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template