Headlines News :
Home » , » နံနက်ခင်းFacebook မှာ အတိုအထွာများ

နံနက်ခင်းFacebook မှာ အတိုအထွာများ

Written By လွင့်မောင်မောင် on Saturday, July 14, 2012 | 9:32 AM

 
မောင်တောမြို့ရောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ မနီလာသိန်းတို့ကို တပ်မတော်ဗိုလ်ကြီးတစ်ဦးနှင့်အတူ။



ရခိုင်ပြည်နယ်သို.ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများအား ဇူလှိုင် လ
 ၁၃ ၇က်နေ.တွင် မြန်မာနိုင်ငံ၏အနောက်ဘက်တံခါး မောင်တောမြို.
 အောင်ဗလကျေး၇ွာအနီးရှိ နှစ်နိုင်ငံကြား ကာရံထားသည့် သံဆူးကြိုးအနီးတွင်တွေ.ရစဉ်။
ဓာတ်ပုံ- ဖိုးသီဟ
********************************************************************************************
 မောင်တောမြို.ဈေးအား ဇူလှိုင်လ ၁၃ရက်နေ.တွင်တွေရစဉ်..

ဓါတ်ပုံ-ဖိုးသီဟ

 *****************************************************************************************
RFA Burmese


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ ၀န်ထမ်း (၁၀) ယောက် ထဲက အနည်းဆုံး (၃)ယောက်ကို
မြန်မာအာဏာပိုင်တွေက တရားစွဲဆို လိုက်ကြောင်း ကုလသမဂ္ဂ က
ပြောပါတယ်။

တရားစွဲဆိုခံရသူ (၃) ယောက်လုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၀န်ထမ်းတွေ ဖြစ်ပါတယ်။

သူတို့ကို ဘာပြစ်မှုနဲ့တရားစွဲတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ (UNHCR)ရဲ့ ပြောခွင့်ရအမျိုးသမီး Melissa Fleming က ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ UNHCR ၀န်ထမ်းတွေကို ဘာပြစ်မှု နဲ့ ထိန်းသိမ်းခဲ့သလဲ ဆိုတာသိရဖို့၊ ထိန်းသိမ်းခံရသူတွေနဲ့တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမဲ့ အခုထိ အကြောင်း မထူးသေးဘူးလို့သိရပါတယ်။

ကျန်တဲ့ ထိန်းသိမ်းခံ ကုလသမဂ္ဂ၀န်ထမ်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၀န်ထမ်း (၃) ယောက် နဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MDF က ၀န်ထမ်း (၄)ယောက် ပါဝင်ပါတယ်။ သူတို့ကိုလည်း တရားစွဲဆိုထားသလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
**********************************************************************************************
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template