Headlines News :
Home » » ပြည်သူ့မျက်နှာကိုကြည့်၍ုကချင်စစ်ဘေးသင့်ဒေသသို့လှူဒါန်းမည့် နှောင်ကြိုးမဲ့လေးများ

ပြည်သူ့မျက်နှာကိုကြည့်၍ုကချင်စစ်ဘေးသင့်ဒေသသို့လှူဒါန်းမည့် နှောင်ကြိုးမဲ့လေးများ

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 8:06 AM

 

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 11 Jul, 2012


 
ကချင်စစ်ဘေးဒုက္ခသည်စခန်းများသို့ ပြည်သူ့မျက်နှာသာကြည့်၍ လှူဒါန်းမှုများသွားရောက်   ပြုလုပ်မည်   ဖြစ်ကြောင်း နှောင်ကြိုးမဲ့အဖွဲ့က ကိုမင်းမင်းဦးက ငြိမ်းချမ်းခြင်းသံစဉ်ညတွင် မြစ်မခသို့ ပြောကြားလိုက်သည်။
 
 
ငြိမ်းချမ်းခြင်းသံစဉ်ညကို မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိုရီရမ်တယ်ခန်းမတွင် ဇူလိုင်လ(၉) ရက်နေ့ ညနေ(၆)နာရီတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
 
`` ဘယ်သူ့မျက်နှာမှကြည့်ဘူး ၊ ဘယ်အဖွဲ့မျက်နှာမှ မကြည့်ဘူး ၊ ဒါပေမဲ့ပြည်သူ့ မျက်နှာပဲ ကြည့်မယ် ၊ ကျန်တာတော့ ဘယ်အဖွဲ့ အစည်း ဘယ်ဟာတွေနဲ့မှ မပတ်သက်ဘူး ပြည်သူအကျိုးရှိတာတွေပဲ အကုန် လုပ်သွားမယ် ´´ ဟု နှောင်ကြိုးမဲ့အဖွဲ့ ( Untied Social Develpement Network ) အဖွဲ့ဝင်ကိုမင်းမင်းဦးက ပြောကြားခဲ့သည်။
 
 
အခမ်းအနားသို့ မန္တလေးမြို့ရှိ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့မှတက်ရောက်လာခြင်းရှိခဲ့ပြီး ကချင်လူငယ်အဖွဲ့က လည်း ကချင်ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့သလို အခြားအဖွဲ့များကလည်း ကချင်တိုင်းရင်းသားပေါင်စုံတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့သည်။
 
 
နှောင်ကြိုးမဲ့အဖွဲ့သည် ၎င်းတို့ကောက်ခံရရှိထားသော အလှူငွေစုစုပေါင်းသိန်းတစ်ရာကျော်ကို ဆေးဝါးနှင့် ဆေးပစ္စည်းများကို အဓိကထားလှူဒါန်းမည်ဖြစ်ပြီး အခြားလိုအပ်သည့် လူမှုအသုံးအဆောင် ပစ္စည်းများလည်း လှူဒါန်းမည်ဖြစ်သည်။
 
 
`` အဓိကကတော့ ဆေးဝါးကုသရေးကို ဦးစားပေးမှာဖြစ်ပါတယ် ၊ ကျွန်တော်တို့ အရင်တုန်းကလုပ်ခဲ့တာလဲ ဆေးဝါးကုသရေးပါပဲ ၊ ကျန်တဲ့အပိုင်းကတော့ အစားအသောက်နဲ့ အ၀တ်အစားပေါ့ ၊ လက်ရှိအစား အသောက် နဲ့အ၀တ်အစားကြီးပဲ   ကောက်ခံရရှိထားတာကတော့ သိန်းငါးဆယ်ဖိုးလောက်ရှိတယ် ´´ ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
 
 
ငြိမ်းချမ်းခြင်းသံစဉ်ညတွင် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများအကြောင်း ပြောကြားခြင်းနှင့် စစ်အနိဌာရုံများအကြောင်း   ပြောကြားခြင်းအစီအစဉ်များပါဝင်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးမြို့မှ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်သူ ညီပုလေးက စစ်အနိဌာရုံများ အကြောင်းကို ပြောကြား ခဲ့သည်။
 
 
`` ကျွန်တော့်မိဘနှစ်ပါးက စာရေးဆရာတွေ သတင်းစာဆရာတွေပါ ၊ ပြည်တွင်းငြိမ်းချမ်းရေး ကို ကမ္ဘာ့ငြိမ်းချမ်းရေးလို လုပ်ဆောင်ခဲ့ကြတာပါ ၊ ကျွန်တော့်နာမည် ညီပုလေးပါ ၊ မှတ်ပုံတင်ထဲမှာတော့ မောင်ငြိမ်းချမ်းပါ ၊ကျွန်တော့်မိဘတွေက ငြိမ်းချမ်းရေးကိုလိုခြင်လို့ ဒီနာမည်ကို ပေးခဲ့တာပါ။ ကျွန်တော် အသက် (၆၀) ကျော်ပါပြီ။ တနည်းပြောရရင် မြန်မာပြည်မှာ ငြိမ်းချမ်းမှုမရှိ သေးတာ နှစ်ခြောက်ဆယ် ကျော်နေပါပြီ ´´ ဟု ဆရာညီပုလေးက ငြိမ်းချမ်းရေးသံစဉ်ညတွင် ပြောကြားခဲ့သည်။
 
 
အခမ်းအနားသို့တက်ရောက်လာသည့် စာရေးဆရာ မောင်မောင်(ရွှေကရ၀ိက်)က အခမ်းအနား အစီအစဉ် များကိုကြည့်၍ ၀မ်းနည်းလာကြောင်း၊  မြန်မာပြည်တွင် ငြိမ်းချမ်းရေးသာရရှိနေပါက မည်မျှပျော်စရာကောင်း လိုက်မည်ဖြစ်ကြောင်းနှင့် စစ်ကိုမုန်းတီးသလို စစ်ပွဲတွေဖြစ်အောင် ဖန်တီးနေသူများကိုလည်း မုန်းတီးကြောင်း ၎င်း၏ Facebook လူမှုရေးကွန်ယက်စာမျက်နှာတွင် ရေးသားဖေါ်ပြထားသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template