Headlines News :
Home » » မန္တလေး မြို့လယ်ခေါင် ရပ်ကွက်အတွင်း စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်မည့် အပေါ် ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်း ကန့်ကွက်

မန္တလေး မြို့လယ်ခေါင် ရပ်ကွက်အတွင်း စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်မည့် အပေါ် ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်း ကန့်ကွက်

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 4:03 PM


BurmaVJ: Thu, Jul 12th, 2012

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ သီရီဟေမာ အနောက်ရပ်ကွက်၊ အကွက် (၂၃၉)၊ ၂၆ လမ်း၊ ၉၀ × ၉၁ လမ်းကြားရှိ အိမ်အမှတ် (၂ဂ) တွင် AEC (အာရှအင်နာဂျီကုမ္ပဏီလီမီတတ်) မှ  စက်သုံးဆီ အရောင်းဆိုင် တဆိုင် ဖွင့်လှစ် ရောင်းချရန်အတွက် ဆီသိုလှောင်ကန်များ ဆောက်လုပ်လျှက် ရှိပါတယ်။ ထိုသို့ ဆောက်လုပ်နေမှုအား ၃-၆-၂၀၁၂ ရက်နေ့ထုတ် မန္တလေး နေ့စဉ်သတင်းစာတွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၄င်းစက်သုံးဆီ အရောင်းဆိုင် ဆောက်လုပ် ဖွင့်လှစ်မည့်အကြောင်း ကန့်ကွက်မည့်သူ ရှိပါက အထောက်အထား ခိုင်လုံစွာဖြင့် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေငြာခဲ့ကြောင်း၊ ထို့ကြောင့် ၇.၆.၂၀၁၂ ရက်နေ့တွင် ရပ်ကွက်နေပြည်သူလူထုမှ မြို့လယ်ခေါင် လူနေရပ်ကွက်အတွင်း၌ ယခုကဲ့သို့ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ် ရောင်းချပါက မီးဘေးအန္တရာယ်အတွက် စိုးရိမ်ရသဖြင့် ကန့်ကွက်သည့်အကြောင်း လက်မှတ်ထိုးများဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့ ဗဟိုမီးသတ်ဦးစီဌာနသို့ အကြောင်းကြားခဲ့ကြကြောင်း။ ထိုသို့ အကြောင်းကြားခဲ့သော်လည်း အဆောက်အဦး ဆောက်လုပ်နေမှုမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက် ဆောက်လုပ်လျှက် ရှိကြောင်း ထို့ကဲသို့ စက်သုံးဆီ အရောင်းဆိုင် ဆက်လက် တည်ဆောက်နေသောကြောင့် ရပ်ကွက်နေ ပြည်သူလူထုမှ စုပေါင်း ကန့်ကွက်နေကြတာ ဖြစ်ပြီး ဆက်လက် ဆောင်ရွက်နေမည်ဆိုလျှင် ရပ်ကွက်တွင်း စီတန်း လှည့်လည် ဆန္ဒပြမည့်အကြောင်း သိရှိရပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template