Headlines News :
Home » » စီတန်းလှည့်လည်ဆန္ဒပြဖို့ လျှောက်ထားချက်ကို အာဏာပိုင်တွေက ဒီကနေ့ ခွင့်ပြု

စီတန်းလှည့်လည်ဆန္ဒပြဖို့ လျှောက်ထားချက်ကို အာဏာပိုင်တွေက ဒီကနေ့ ခွင့်ပြု

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 6:53 PM

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက တင်ပြတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြဖို့ လျှောက်ထားချက်ကို အာဏာပိုင်တွေက ဒီကနေ့ ခွင့်ပြုလိုက်ပြီလို့ ပါတီခေါင်းဆောင် ဦးနေမျိုးဝေက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

လူတစ်ထောင် ဆန္ဒပြဖို့ လျှောက်ထားချက်ကို လူ ၄၀၀ ပဲ ခွင့်ပြုဖို့ အာဏာပိုင်တွေဘက်က သဘောတူလိုက်တာ ဖြစ်ပြီး၊ အချိန်ကိုလည်း မူလက မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ လျှောက်ထားချက်ကို မနက် (၉) နာရီကနေ နေ့လည် (၁) နာရီအထိပဲ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဇူလိုင်လ (၁၅)၊ (၁၆) နှစ်ရက်အတွက် ဆန္ဒပြခွင့်ပေးလိုက်ပြီဖြစ်ပြီး၊ ဇူလိုင်လ (၁၇)၊ (၁၈) နှစ်ရက်အတွက်ကိုတော့ ခွင့်ပြုမိန့်စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒေသခံတောင်သူတွေ လယ်ယာမြေသိမ်းယူခံရမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ကိုင်တွယ် ဆောင်ရွက်ချက်တွေအပေါ် မကြေနပ်တဲ့အတွက် အခုလို ဆန္ဒပြဖို့ စီစဉ်တာလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ စတင်မယ့် ဒီဆန္ဒပြပွဲကို အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ သာဓုကန်၊ ၀ါးတရာ၊ ချောင်းသာ၊ ဆင်ဖုံ၊ သင်္ဃန်းကျွန်းကြီး၊ မင်္ဂလာဒုံ စတဲ့ ဒေသအသီးသီးက လယ်ယာမြေတွေ
အသိမ်းယူခံထားရတဲ့ လယ်သမားတွေ ပါဝင်ပြသကြမယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်
ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်း ခွင့်ပြုချက်နဲ့အညီ ပထမဆုံး ဆင်နွှဲတဲ့ ဆန္ဒပြပွဲဖြစ်ပြီး၊ အလားတူ ဆန္ဒပြခွင့်ရဖို့ တခြားလျှောက်ထားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

RFA Burmese


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template