Headlines News :
Home » » ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲ အများပြည်သူနှင့် သက်ဆိုင်သည့် ပွဲများပြုလုပ်ပါက အရေးယူခံရမည်

ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲ အများပြည်သူနှင့် သက်ဆိုင်သည့် ပွဲများပြုလုပ်ပါက အရေးယူခံရမည်

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 10:20 PM


ခွင့်ပြုမိန့် တောင်းခံခြင်းမရှိဘဲ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာများတွင် အများပြည်သူနှင့် သက်ဆိုင်သည့် ပွဲများ ပြုလုပ်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ- ၂၁ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်မှုဖြင့် ခြောက်လထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ကို ဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်၊ ခန်းမ၊ ရှော့ပင်းစင်တာ၊ ပလာဇာ၊ အဆောက်အအုံများတွင် ဖျော်ဖြေပွဲများ၊ အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ ပြပွဲပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲများ၊ တရားပွဲများ၊ ကျင်းပလိုပါက သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုမိန့် ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ်မည်ကို အသိပေးခြင်း မရှိပါက ပုဒ်မ- ၃၆ အရ မည်သူမဆို ပုဒ်မ- ၂၁ ပါတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်၍ အရေးယူခံရမည်ဖြစ်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ “အခုဆိုရင် အချို့မြို့နယ်၊ ကျေးရွာ ရပ်ကွက်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ရိုးရာပွဲတွေ၊ ဟောပြောပွဲတွေ ပြုလုပ်လာတာ တွေ့ရတယ်။ ဒါ့အပြင် အဆောက်အအုံပိုင်ရှင်တွေကလဲ ဒီလိုလုပ်တာတွေကို ခွင့်ပြုလာတာ တွေ့ရတယ်။ အခု အမိန့်ကြေညာစာတွေလဲ ထပ်မံထုတ်ပြန်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template