Headlines News :
Home » » သတင်းအတိုအထွာ

သတင်းအတိုအထွာ

Written By လွင့်မောင်မောင် on Friday, July 13, 2012 | 11:43 AM


                       အစ္စလမ် အဖွဲ့ OIC မြန်မာနိုင်ငံ လာမည် 
ကုလသမဂ္ဂ လက်အောက်ခံ အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့က ရိုဟင်ဂျာအရေး နှင့် ပတ်သက်ပြီး လေ့လာ စုံစမ်းရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် တွေ့ဆုံပြီးနောက် ယင်း သို့ စီစဉ်ခြင်းဖြစ် ကြောင်း OIC ထုတ်ပြန်ချက်ကို ကိုးကား၍ ဘနားမား သတင်းက ယနေ့ ဖော်ပြသည်။ ဇူလိုင် ၉ ရက်ကလည်း ရခိုင်ဒေသ ပဋိပက္ခများအတွင်း သေဆုံးခဲ့သော ရိုဟင်ဂျာ များနှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ အမြန်ဆုံး စုံစမ်းစစ်ဆေးရန် OIC အဖွဲ့က မြန်မာ အစိုးရကို တောင်းဆို ထားသည်။
........................................................................................................................................
ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ အဆိုတော် ဆောင်းဦးလှိုင် နှင့် ဥက္ကာဦးသာတို့စင်ကာပူဖျော်ဖြေရေးထွက်ခွာ
ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ အဆိုတော် ဆောင်းဦးလှိုင် နှင့် ဥက္ကာဦးသာတို့သည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် စင်ကာပူဖျော်ဖြေရေးထွက်ခွာသွားခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှ ရရှိသော အနုပညာကြေး များကို ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ကြောင်းသိရပါတယ်

 ..............................................................................................................................  
အမေရိကန်နိုင်ငံက မြန်မာအပေါ်စီးပွားရေးပိတ်ဆို့အရေးယူမှု လျှော့ချလိုက်ခြင်းကို
 ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ကြို ဆိုလိုက် သည်။ သို့သော် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီးပွင်းလင်းမြင်သာရှိရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ ၁၅ နှစ်ကြာ ဒဏ်ခတ်ထားသည့် ကုန်ပစ္စည်းတင်သွင်းခွင့်၊ ဘဏ္ဍာရေးနှင့် ရင်နှီးမြှုပ်နှံမှုများ ရုပ်သိမ်းကြောင်း အမေရိကန် အစိုးရနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။


........................................................................................................................................
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template