ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်ရောက်လာ ခြင်းနှင့် NLD ကိုယ်စားလှယ်များ ဝင်ရောက် ဆွေးနွေးလာခြင်းကို လွှတ်တော် ကိုယ်စားလှယ် အချို့က ကြိုဆို ကြောင်း ပြောကြားကြသည်။ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ တွင် လွှတ်တော်သို့ တက်ရောက် လာခဲ့ပြီး လက်ရှိ အချိန်အထိ တင် သွင်းမည့် အဆိုနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို ကြိုတင် ပြောကြားခြင်း မရှိသေးပေ။ လက်ရှိ တွင်ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် သုံးဦးသည်သာ ဝင်ရောက်ဆွေးနွေး မှုရှိသေးကြောင်း သိရသည်။ ”နောက်တော့ သိရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီ ယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ အများအားဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အဆိုပါ ပါတီ၏ ဝင်ရောက်ဆွေး နွေးလာမှုနှင့် အင်အားဖြည့် ပြောဆိုလာမှုကို သာမန်အားဖြင့် ကြို ဆိုသူများရှိသကဲ့သို့ စောင့်ကြည့် နေသည့် ကိုယ်စားလှယ်များလည်း ရှိနေကြောင်း သိရသည်။ ”တွေ့တော့ မတွေ့ဖြစ်သေး ဘူး။ တွေ့မယ်လို့တော့ တွေးထား ပါတယ်။ ရောက်လာတော့ ဝမ်းသာ ပါတယ်။ ကြိုဆိုပါတယ်” ဟု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ယနေ့ နံနက်တွင် ပြောသည်။ စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့တွင် မလှိုင်မဲဆန္ဒနယ်မှ ဦးအေးမောက်၏ ”ကဏ္ဍအသီးသီးနှင့် နယ်ပယ် အသီးသီးအတွက် စံချိန်စံညွှန်း များ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင် စု အစိုးရသို့ တိုက်တွန်းသော အဆို ကို ပွင့်ဖြူမဲဆန္ဒနယ်မှ ဒီချုပ် လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညိုနှင့် ကျောက်ပန်း တောင်း မဲဆန္ဒနယ်မှ ဒေါက်တာ ဇော်မြင့်မောင်တို့က ဝင်ရောက် ဆွေးနွေးခဲ့ပြီး စတုတ္ထနေ့တွင် ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော် အခွင့်အရေး ကော်မတီ ၏ အစီရင်ခံစာကို ဝင်ရောက်ဆွေး နွေးခဲ့သည်။
အောင်ထက်(N.Y.K)