ရှစ်လေးလုံး အရေးအခင်း ၂၄ နှစ်မြောက် ငွေရတုအကြို နှစ်ပတ်လည် အခမ်းအနား ဖြစ်မြောက်ရေးအတွက် မန္တလေးမြို့၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းပြီး ဇူလိုင်လ ၉ ရက်နေ့က
မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အလယ်တိုက်ကျောက်းမှာ အစည်းအဝေးတစ်ခု ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အစည်းအဝေးမှာ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို တရားဝင် အဖြစ်
ကျင်းပခွင့် ရဖိုအရေး ဆွေးနွေး သွားခဲ့ကြသလို ပွဲဖြစ်မြောက်ဖို့ အတွက် မန္တလေးမြို့၈၈ မျိုးဆက် ကျောင်းသားတွေကပဲ မတည်ငွေ ကျပ် ၃ သိန်း ထည့်ဝင်ပြီး အခမ်းအနားကို ကျင်းပ
သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အခမ်းအနား ကျင်းပတဲ့နေ့မှာ သံဃာတော် ၈၈ ပါးကို ဆွမ်းကပ် လှူဒါန်း သွားမယ်လို့ သိရပါတယ် ။