Headlines News :
Home » , » သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဦးဌေးဦးရွေးချယ်ခံရ

သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဦးဌေးဦးရွေးချယ်ခံရ

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 7:25 PM

  နေပြည်တော်၊ ဇူလိုင်-၁၂

သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊ မရှိစိစစ်ရေးအဖွဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား ပြုကိုယ်စားလှယ်အဖြစ် ဦးဌေးဦးကို ပြည်သူ့လွှတ်တော်က ယနေ့ကျင်းပနေသော လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်လိုက်သည်။

သမ္မတနှင့် ဒုတိယသမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား အစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌဦးမြညိမ်းတို့မှာ အဆိုပါစိစစ်ရေးအဖွဲ့တွင် ပါရှိပြီးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဦးဌေးဦးကို ယနေ့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်နှင့် တပ်မတော်သားအစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တို့ကိုမူ မသိရှိရသေးပေ။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအနားယူသွားသည့်အတွက် လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ တစ်ဦးအတွက် တပ်မတော်သားကိုယ်စားများ အစုအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ထံအမည်စာရင်းတင်သွင်းထားကြပြီဖြစ်သည်။
ထို့ကြောင့်အထက်ပါ စိစစ်ရေးအဖွဲ့မှာ လစ်လပ်လျက်ရှိသော ဒုတိယသမ္မတရာထူးအတွက်အမည်စာရင်း တင်သွင်းသူကို စတင်စိစစ်ရမည်ဖြစ်သည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template