မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် ကြားဖြတ်တင်သွင်းခဲ့သည်။
၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၀င်ရောက်ဆွေးနွေးပေးမှုဖြင့် ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်မှ သဘောတူညီခဲ့သည်။
အဆိုပါအဆိုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ
Eleven Media Group
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ယနေ့ (ဇူလိုင် ၁၃ရက်) ပြုလုပ်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌
၁) ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားသော ဥပဒေကြမ်း မည်မျှ ရှိ၍ ကြန့်ကြာနေသော ဥပဒေကြမ်း အမည်များကို ထုတ်ပြန် ပေးရန် မေးခွန်း
၂) တောင်သူ လယ်သမားတို့၏ ဘ၀ တိုးတက်လာရေးကို မည်ကဲ့သို့ ထိရောက်စွာ အကောင် အထည် ဖော်ပေးနိုင်မည်ကို သိရှိလိုသည့် မေးခွန်း
၃) လယ်လုပ်ခွင့် ဆုံးရှုံးနေသည့် လယ်သမားများကို ပြန်လည် လုပ်ကိုင်ခွင့် ပေးရန် မေးခွန်း
၎) နိုင်ငံတော် စားနပ်ရိက္ခာ စီမံခန့်ခွဲမှုကို မည်သို့ စီမံ ဆောင်ရွက် ထား သည်နှင့် စပ်လျဉ်းသည့် မေးခွန်း အစ ရှိသည်တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြမည်ဟု သိရပါသည်။
ထို့အပြင် ၂၀၁၂ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကြမ်းကို အလုပ်သမားဝန်ကြီးဌာနမှ ပြည်သူ့ လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ သုံးသပ်တင်ပြမှုများ ပြုလုပ်မည်ဟု သိရပါသည်။