Headlines News :
Home » » တားမြစ်ချက်နှင့်ဘတ်ဈေးကြောင့် မော်လမြိုင်တွင် ဆီဈေးတက်

တားမြစ်ချက်နှင့်ဘတ်ဈေးကြောင့် မော်လမြိုင်တွင် ဆီဈေးတက်

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 8:06 AM


ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 10 Jul, 2012


 
မော်လမြိုင်စားသောက်ကုန်ဈေးကွက်တွင်း ယိုးဒယားနယ်စပ်မှဝင်ရောက်လျက်ရှိသော မြေပဲဆီအထုတ် ၀င်ရောက်မှု တားမြစ်ချက်များကြောင့်ဈေးကွက်တွင်း ဆီဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း ဒေသခံများ ထံကသိရှိရသည်။
 
 
မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် ကုန်သွယ်လမ်းများပျက်စီးမှုများပျက်စီးခြင်း၊ နယ်စပ်ဂိတ်များမှ ယိုးဒယား ဆီ ၀င်ရောက်မှု တားမြစ်ခြင်း၊ ယိုးဒယား (ဘတ်)ငွေဈေးမြင့်တက်လာခြင်းတို့ကြောင့်ယခုကဲ့သို့ ဈေးမြင့်တက် လာခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 
ဆီတွေက ဒီဘက်ထဲကို သိပ်အ၀င်မခံတော့ တားဂိတ်တွေကို ကွေ့ရှောင်ပြီးခိုးလမ်းကနေ အဆင့်ဆင့် ၀င်ကျရတော့ စရိတ်စကတွေ ပိုကုန်တာပေါ့။အ၀င်နည်းသွားတော့  ဈေးတင်ရောင်းရတယ်။ ဈေးတင် ရောင်းပြန်တော့ရောင်းအားကကျရော ဟု ကျိုက်မရောမြို့နယ်မှ စားသောက်ကုန်လုပ်ငန်းရှင်ဒေါ်ငယ်က ပြောသည်။
 
 
ယိုးဒယားမှဝင်ရောက်သော မြေပဲဆီ (၆၅)ကျပ်သားဝင် တစ်ထုတ်လျှင်ဇွန်လကုန်ပိုင်း၌ (၁၂၅၀)ကျပ် ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းပိုင်းတွင် ကျပ်(၁၄၀၀) ၀န်းကျင်သို့ မြင့်တက်လာခြင်းဖြစ်သည်။
 
 
 “(၄)ရက်လောက်ရှိပြီ။ ဈေးတက်သွားတာ။ အရောင်းတော့ နဲနဲထိုင်းသွားတာပေါ့။မိုးကြီးပြီး ကားလမ်းတွေ ပျက်တော့ စရိတ်စကတွေ ပိုကုန်တယ်။မြ၀တီလမ်းဘက်ကဆို အကွေ့အကောက်များတဲ့အပြင် ကုန်းလမ်းဘက်ကပေးမ၀င်ဘူးဆိုတော့ ရေလမ်းဘက်က ၀င်ရတယ်။ ဘုရားသုံးဆူလမ်းဘက်ကကျတော့လည်းလမ်းမကောင်းဘူး ဟု မော်လမြိုင်မှကုန်စည်ဒိုင်လုပ်ငန်းရှင် ဦးထွန်းကပြောသည်။
 
 
ယိုးဒယား (ဘတ်)ငွေဈေးသည် ပြီးခဲ့သည် ဇူလိုင် ပထမပတ်တွင် တစ်ဘတ်လျှင်မြန်မာငွေ (၂၅)ကျပ် ၀န်းကျင်ရှိခဲ့ရာမှ ယခုဇူလိုင် ဒုတိယပတ်တွင် (၂၈)ကျပ်ဝန်းကျင်သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
 
 
မော်လမြိုင် ဈေးကွက်အတွင်း၌ ယိုးဒယား မြေပဲဆီ ပုဇွန်တံဆိပ်(၆၅)ကျပ်သားဝင် (၁၂)ထုတ်ပါ (၁)ပါကင် လျှင် ဇွန်လကုန်ပိုင်းဇူလိုင်လဆန်းပိုင်း၌ (၁၃၀၀၀)ကျပ် ဈေးရှိခဲ့ရာမှ ယခု ဇူလိုင်လဒုတိယပတ်အတွင်း ကျပ် (၁၅၈၀၀) ၀န်းကျင်သို့မြင့်တက်ခဲ့ခြင်းဖြစ်သည်။
 
 
ယိုးဒယားဆီတွေကို ကုန်လမ်းက၀င်ခွင့်ပိတ်ထားတယ်လို့ ရေလမ်းတွေကနေအဆင့်ဆင့်သယ်ယူရတော့ ဈေးတက်တယ် ပြောတာပဲ။ ဒီမှာက အဲဘက်က၀င်တဲ့ဆီကိုစားသုံးကြတာများတယ်။ဟု မော်လမြိုင်မြို့မှ ဒေသခံ မသီတာက ပြောသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template