Headlines News :
Home » » ကိုကာကိုလာကုမ္ပဏီနှင့် Max အချိုရည် ထုတ်လုပ်သော ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီတို့ မြန်မာပြည် စီးပွားဖက်အဖြစ် ချိတ်ဆက် လုပ်ဆောင်ရန် ဆွေးနွေးနေ

ကိုကာကိုလာကုမ္ပဏီနှင့် Max အချိုရည် ထုတ်လုပ်သော ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီတို့ မြန်မာပြည် စီးပွားဖက်အဖြစ် ချိတ်ဆက် လုပ်ဆောင်ရန် ဆွေးနွေးနေ

Written By လွင့်မောင်မောင် on Thursday, July 12, 2012 | 10:24 PM


နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီနှင့် Max ၊ Max plus အချိုရည်များ၊ Max2O ၊ မြနန္ဒာ သောက်ရေသန့်များ ထုတ်လုပ်ရောင်းချနေသော မြန်မာထိပ်တန်း လုပ်ငန်းတစ်ခုဖြစ်သည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့သည် မြန်မာပြည် စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း အချိုရည်လုပ်ငန်းများနှင့် နီးစပ်သည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ ''ကိုကာကိုလာ ကုမ္ပဏီနဲ့ ပင်းယကုမ္ပဏီတို့ စီးပွားဖက်အဖြစ် ချိတ်ဆက်ဖို့ ဆွေးနွေးနေပါပြီ။ ကိုကာကိုလာ အချိုရည်တွေကို ပင်းယက တင်သွင်းဖြန့်ချိမယ်လို့ သိရပါတယ်'' ဟု အဆိုပါလုပ်ငန်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။ ပင်းယကုမ္ပဏီအနေဖြင့် ကိုကာကိုလာကုမ္ပဏီ အခြေစိုက်ထားသည့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် အချိုရည်များကို တင်သွင်းဖြန့်ချိသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွင်း အကျိုးတူဖက်စပ် စက်ရုံများ တည်ထောင်ကာ ထုတ်လုပ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။ ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း တရားဝင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ချိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် အခြားအမေရိကန် ကုမ္ပဏီအချို့သည် အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင် ထုတ်ပေးသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းစတင်ရန် မြန်မာကုမ္ပဏီများနှင့် ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၁၉၂၇ ခုနှစ် စတင် ၀င်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင်အချိန်ထိ ရင်းနှီးမြှုပ်နှံဖူးကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုနှင့်အတူ မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ သုံးသန်းကို ကိုကာကိုလာဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template