Headlines News :
Home » » ဒု-သမ္မတသစ်မှာ ဦးသန်းရွှေ၏လူဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်တစ်ဦး ပြော

ဒု-သမ္မတသစ်မှာ ဦးသန်းရွှေ၏လူဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်တစ်ဦး ပြော

Written By လွင့်မောင်မောင် on Wednesday, July 11, 2012 | 7:05 PM

4:57 AM Posted by သျှမ်းသံတော်ဆင့်

ဒု-သမ္မတနေရာတွင် အစားထိုး ခန့်အပ်ရန်အတွက် အဆိုပြုလိုက်သည့် ဦးမြင့်ဆွေ သည် စစ်အစိုးရ ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူဖြစ်ကြောင်း ၁၉/၅/၁၂ ကျိုင်းတုံ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တက်ရောက်သူတစ်ဦးက ပြောပါသည်။

U_Myint_Shweရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ (Photo: Popular Myanmar News Journal's facebook)

“တပ်ချုပ်ကြီး ဦးသန်းရွှေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကာချုပ်ကြီး မင်းအောင်လှိုင်က ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ သမ္မတကြီးက ဗိုလ်ချုပ်ကြီး လှဌေးဝင်းကို ဒု-သမ္မတ နေရာအတွက် ရွေးချယ် တင်မြှောက်ချင်ကြတယ် ” ဟု နေပြည်တော်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြာခဲ့ပါသည်။

ကျန်းမာရေးကြောင့် ဒု-သမ္မတ သီဟသူရတင်အောင်မြင့်ဦးသည် အနားယူမည်ဟု လွန်ခဲ့သည့်တပတ် လွှတ်တော် အစည်းအဝေး၌ ကြေငြာခဲ့ကြောင်း၊ ဦးတင်အောင်မြင့်ဦးအား စစ်ဖက်မှ ရွေးချယ်တင် မြှောက်ခဲ့သဖြင့် စစ်အရာ ရှိဟောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ အား စစ်ဖက်မှ ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဆို၏။

“ဦးသန်းရွှေ တင်မြှောက်ချင်တဲ့လူကို ရွေးချယ်လိုက်တယ်ဆိုတော့ ဦးသန်းရွှေဟာ စစ်ဖက်မှာရော နိုင်ငံရေးဖက်မှာ ပါဩဇာအာဏာရှိနေတုန်းဆိုတာ သက်သေပြလိုက်တာဘဲ” ဟု RCSS/SSA မှအမည်မဖော်လိုသူအရာရှိ တဦးက ပြောပါသည်။

လွန်ခဲ့သည့် မေလကတည်းက ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး အနားယူမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော် လည်း လွှတ်တော်အစည်းအဝေး ပိတ်ရက်တိုက်နေသဖြင့် ချက်ခြင်း တရားဝင် မထုတ်ပြန် နိုင်ခဲ့ကြောင်း အဆိုပါ ကော်မတီဝင်က ဆိုခဲ့ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါစာမျက်နှာ ၂၅ ၊ ပုဒ်မ ၃၇ တွင် ဒု-သမ္မတရာထူးနေရာ လစ်လပ် နေလျှင် ပြည် ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်ပါက ၇ ရက်အတွင်း၊ လွှတ်တော် အစည်းအဝေး ကျင်းပနေ ချိန် မဟုတ်ပါက ၂၁ ရက်အတွင်း ပြန်လည်ရွေးချယ်တင်မြှောက်ရမည်ဟု ရေးသားပါရှိသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template