Headlines News :
Home » , » ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

Written By လွင့်မောင်မောင် on Tuesday, July 10, 2012 | 10:59 PM



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း၊ အမိန့်အမှတ် (၁၅/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်) နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင်- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ (၁) ဦးသန့်ရှင်း- ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁)၊ (၂) ဦးချန်မောင်- ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ (၃) ဦးဝင်းရှိန်- ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ (၄) ဦးဟန်စိန်- ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ (၅) ဦးဝင်းသန်း- ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ (၆) ဒေါက်တာမျိုးမြင့်- ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန စသည့် ဒုတိယဝန်ကြီးများအား ၄င်းတို့၏အမည်နှင့် ယှဉ်တွဲဖော်ပြထားသော ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည်ဟု ဖော်ပြပါရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template