Headlines News :
Home » » Facebook မှ အတိုအထွာများ

Facebook မှ အတိုအထွာများ

Written By လွင့်မောင်မောင် on Friday, July 13, 2012 | 8:51 AM

အမေရိကားမှာ နိုင်ငံသားခံယူခွင့် ရတာတွေ အင်္ဂလန်မှာ နိုင်ငံသားခံယူခွင့်ရတာတွေနဲ့ လိုက်ပြီးတိုင်းတာချင်လို့မရဘူး.....မြန်မာနိုင်ငံဟာ အဲဒီနိုင်ငံတွေနဲ့ မတူဘူးဆိုတာ သတိမေ့နေကြတာနဲ့တူတယ်....မြန်မာနိုင်ငံ(Burma ခေါ် Myanmar)ဟာ ဋ္ဌာနေ တိုင်းရင်းသားပေါင်းစုံဖြင့် တည်ထားတဲ့နိုင်ငံ အမေရိကန်လို စင်္ကာပူလို ရေခြားမြေခြား လူမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမဟုတ်...နောက်တခုက မြန်မာပြည်က တိုင်းရင်းသားတွေဟာ ကိုလိုနီစံနစ်အောက် ဖက်ဆစ်အောက်...စစ်အာဏာရှင်လက်အောက် အမျိုးမျိုးဖိနှိပ်ခံထားရတော့ အသိပညာ၊အတတ်ပညာနိမ့်ကျ....ဆင်းရဲမွဲတေနေတဲ့ လူအများစုဟာ တိုင်းရင်းသားအစစ်တွေပဲ့ ဖြစ်နေသေးတယ်....ပြီးတော့ ဗမာ/ မြန်မာတိုင်းရင်းသားတွေဟာ ရိုးသားမှု လွန်ကဲနေကြသေးတယ်....အနောက်နိုင်ငံသား အဖြူကောင်တွေ အမေရိကန်တွေက အသိပညာ အတတ်ပညာ မြင့်သွားပြီ...အရပ်စကားနဲ့ နားလည်အောင်ပြောရရင် လူရည်လည်သွားပြီပေါ့....မြန်မာပြည်သား ရန်ကုန်သားနဲ့ နယူးယောက်သားယှဉ်လိုက်ရင်တောင် ဇနပုဒ်တောသားနဲ့ မြို့သားလိုကွာခြားသွားပြီ....အဲဒီတော့ ရေခြားမြေခြားက လာတဲ့ တောသားတယောက်တွေကို လူလည်ကြီး နိုင်ငံကြီးသားတွေက လက်ခံသင့်တာ လက်ခံပြီး နိုင်ငံသားခံယူခွင့်ပေးလည်း သူတို့မှာ ဘာမှ နစ်နာစရာ တိုင်းပြည်လုံခြုံရေးကို ထိခိုက်စရာမရှိတော့ဘူး....မြန်မာပြည်မှာတော့ အဲလိုမျိုးပေးလို့မရဘူး....လူလည်ကြီးတွေက နိုင်ငံသားအဖြစ်ရသွားရင် ကိုယ့်တိုင်းရင်းသားကို လူလည်လုပ် ဂတုံးပေါ်ထိပ်ကွက် ရှာစားသွားတာ ခံရလိမ့်မယ်....တိုးတက်စပြုတဲ့....ထိုင်းမှာတောင် တော်တန်ရုံနဲ့ တရုတ်တွေ အဖြူကောင်တွေကို နိုင်ငံသားအဖြစ် ခံယူခွင့်မပေးဘူး.....ဘယ်လိုပဲ့ ထိုင်းမနဲ့ညားညား....ထိုင်းမှာမွေးစာရင်းရှိ...ထိုင်းစာသင် ထိုင်းလိုပီအောင် တတ်နေတာတောင်မှ ဘုရင်ကြီးကို ဘယ်လောက် မြတ်နိုးရိုသေလဲတို့ ထိုင်းနိုင်ငံကို ဘယ်လောက်ချစ်သလဲတို့ သေသေချာချာ စစ်ဆေးလိုက်သေးတယ်.....နိုင်ငံသားကတ်လည်း ID ကဒ်နံပတ်(၁၃)လုံးမှာ (၂)(၀)ဂဏန်းနဲ့ စတဲ့နံပတ်တွေပဲ့ရတယ်...(ထိုင်းအစစ်ဆိုရင် (၃)ဂဏန်းနဲ့စတယ်)....
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Freedom News Group(Burma)
မြန်မာ သမ္မတ ၏ ရိုဟင်ဂျာ လက်မခံ သည့် သတိပေး ချက် ကို ကုလ ဒုက္ခအကြီး အကဲ ပယ် ချ

ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
Thu Zar


လျှို့ဝှက်ကင်မရာကာကွယ်ရေး(သိထားသင့်တ
ယ်ထင်လို့ တင်ပေးလိုက်တာပါ။)

အ၀တ်လဲခန်းထဲမှာ hidden

camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

................................................................................................................................................
အင်္ဂလိပ်စကားပြော မြန်မာလိုလေ့လာနိုင်မယ့်နေရာ....

ရေးသားသူ ++ပင်တိုင်စံထိပ်ထား

ယနေ့ကမ္ဘာသုံး ဘာသာစကားတစ်ခုဖြစ်တဲ့ အင်္ဂလိပ်စာကို အင်တာနက်က တစ်ဆင့် လေ့လာရာမှာ ကိုယ့်မိခင်ဘာသာစကားနဲ့ တင်ဆက်ထားတဲ့ သင်ခန်းစာတွေဆိုရင် ပိုပြီးလွယ်ကူ အဆင်ပြေမှာပါ။ ဒါကြောင့်နေ့စဉ်သုံး အင်္ဂလိပ်စကားပြော သင်ခန်းစာတွေနဲ့ သိမှတ်ထားသင့်တဲ့ ဝေါဟာရတွေကို စံမီတဲ့ အသံထွက်၊ မြန်မာဘာသာပြန်နဲ့အတူ တင်ဆက်ပေးနေတဲ့ Website တစ်ခုကို ညွှန်းပေးချင်ပါတယ်။


နေ့စဉ်သုံး အင်္ဂလိပ်စကားပြောသင်ခန်းစာ ၁၀၀၊ အသုံးအများဆုံး စကားစု ၁၀၀၀ နဲ့ စကားလုံး ၁၅၀၀ စတဲ့အင်္ဂလိပ်စာသင်ခန်းစာတွေကို မြန်မာဘာသာနဲ့ အခမဲ့ တင်ဆက်ပေးထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ မွေးရာပါ အင်္ဂလိပ်စကား ပြောဆို သုံးစွဲသူတွေရဲ့ အင်္ဂလိပ်အသံထွက်နဲ့ နေ့စဉ်သုံးစကားတွေကို ဦးစားပေး တင်ဆက်ထားပြီး လေ့ကျင့်ခန်းတွေမှာပါဝင်တဲ့ စကားစုတွေနဲ့ အပြန်အလှန် ပြောဆိုမှုတွေကို မြန်မာဘာသာပြန်နဲ့အတူ အသံဖိုင် ထောင်ပေါင်းများစွာနဲ့ တင်ဆက်ပေးထားတာဖြစ်လို့ လေ့လာရာမှာ လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ သင်ခန်းစာတွေက စကားလုံးတွေနဲ့ စာကြောင်းတွေပေါ်မှာ Mouse တင်လိုက်ရုံနဲ့ အသံထွက်ကို နားထောင်နိုင်မှာဖြစ်ပြီး ပုံမှန်နှုန်းနဲ့ အနှေးနှုန်း နှစ်မျိုးရွေးချယ် နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာမှာပါဝင်တဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ် အပြည့်အစုံ၊ သုံးနှုန်းပုံ စတာတွေကို သိရှိနိုင်အောင် အင်္ဂလိပ်-အင်္ဂလိပ်-မြန်မာ အဘိဓာန်နဲ့လည်း ချိတ်ဆက်ပေးထားပါသေးတယ်။

ဘာသာစကား ၂၀ နီးပါနဲ့ တင်ဆက်ထားတာဖြစ်ပြီး စိတ်ပါဝင်စားသူတွေ အတွက် မြန်မာဘာသာနဲ့ လေ့လာနိုင်မယ့်လိပ်စာက http://www.englishspeak.com/my/ ဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template