Headlines News :
Home » , , » အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလွှတ်တော်ကို ရောက်ရှိလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ ၊ နိုင်ငံရေးကစားကွက်ထဲကို လာတာမဟုတ်ပါဘူးဟုဦးဖြိုးမင်းသိန်း ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလွှတ်တော်ကို ရောက်ရှိလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ ၊ နိုင်ငံရေးကစားကွက်ထဲကို လာတာမဟုတ်ပါဘူးဟုဦးဖြိုးမင်းသိန်း ပြော

Written By လွင့်မောင်မောင် on Saturday, July 14, 2012 | 6:35 PM



"ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ တွေ့ဆုံတဲ့ အကြောင်းအရင်းကတော့ ဒီနေ့ တင်သွင်းတဲ့ အရေးကြီးအဆိုက ကျွန်တော်တို့ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတယ် ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလွှတ်တော်ကို ရောက်ရှိလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ ၊ နိုင်ငံရေးကစားကွက်ထဲကို လာတာမဟုတ်ပါဘူး ။ဒီလိုအရေးကြီး အဆိုအဖြစ်တင်သွင်းပြီးတော့ ပိတ်ဆို့မှုကိုထောက်ခံလား ၊ ကန့်ကွက်လား yes or no မေးခွန်းမျိုးနဲ့ နိုင်ငံရေးချောင်ပိတ်ခံ ရသလိုဖြစ်နေပါတယ်။ ဒီအဆိုက စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံလား ကန့်ကွက်လား ဆိုတဲ့ အဆို ပုံစံမျိုးနဲ့ တင်သွင်းသွားတာပါ၊ အကယ်၍ ကျွန်တော်တို့က ဒီစီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံတယ်ဆိုရင်လည်း အမျိုးသားသစ္စာဖောက်လိုဖြစ်သွားမယ်၊ စီးပွားရေး ပိတ်ဆို့တယ်ဆို တာကလည်း ပြည်သူ့လူထုရသင့်တဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံရလို့ အာဏာရှင်စနစ်တွေကို ကျင့်သုံးခဲ့လို့ ၊ ဒီအပေါ်တွေကို ပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အမှန်က ဒီအခြေအနေက လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ ၊ ပြည်သူ့လူထုအကျိုးစီးပွားအတွက် ကျွန်တော်တို့လည်း ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ဆန္ဒရှိပါတယ် ၊ ဒါပေမယ့် သူတို့ပြောနေတဲ့ ပြည်တွင်းစစ်တွေ ဖြစ်တယ်၊ ဒီမိုကရေစီ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်တယ်ဆိုတာက စီးပွားရေး ပိတ်ဆို့မှုရည်ရွယ်ချက်နဲ့တော့ မဆိုင်ပါဘူး ၊ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေကို ဘယ်လိုကုစားဖြေရှင်းမလဲဆိုတာ ကို ကြိုးပမ်းသွားရမှာဖြစ်ပါတယ် ၊ ဒါကြောင့် ကျွန်တော်တို့က ဒီအရေးကြီး အဆိုတင်လိုက်တဲ့ အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံရေး ကစားကွက်တစ်ခုထဲကို ၀င်ရောက်သလို ခံစားရပါတယ် ၊ ဒါကြောင့် ကျွန်တော်တို့ ဥက္ကဌ ကြီးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ ဒီအကြောင်း ကို ဆွေးနွေးဖို့ တွေ့ဆုံနေတာဖြစ်ပါတယ်"

ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုမ်း နှင့် တွေ့ဆုံမေးမြန်းခြင်းမှ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template