ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဘူးသီးတောင်မြို့နယ်သို့ရောက်ရှိ
ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ဇူလိုင် ၁၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ရောက်ရှိလာပြီး သင်္ဘောဆိပ်တွင် ကိုမင်းကိုနိုင်က မြို့ခံလူထုအား ၁၅ မိနစ်အကြာမိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ဘူးသီးတောင်အကျဉ်းထောင်တွင် ရှိနေဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားကိုအောင်သူအား ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့ကြကာ ယခုအခါ မောင်တောမြို့နယ်သို့ ဆက်လက်ထွက်ခွာနေပြီဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဘူးသီးတောင်မြို့ခံ လူထု တစ်ထောင်ကျော်က ရခိုင်မင်္ဂလာစည်တော်များတီးခတ်ကာ လှိုက်လှဲစွာကြိုဆိုခဲ့ကြ ကြောင်း 7Day News သတင်းထောက်က ပေးပို့သည်။.........