Headlines News :
Home » » ဘတ်ဂျက်ငွေတိုးလာသည့်နှင့်အမျှ ဝန်ကြီးဌာနများ အလွဲသုံးစားပိုလုပ်လျက်ရှိ

ဘတ်ဂျက်ငွေတိုးလာသည့်နှင့်အမျှ ဝန်ကြီးဌာနများ အလွဲသုံးစားပိုလုပ်လျက်ရှိ

Written By လွင့်မောင်မောင် on Saturday, February 7, 2015 | 11:34 PM

 
  နိုင်ငံတော် ဘဏ္ဍာငွေများကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးပေးနိုင်ရန် လွှတ်တော်က ခွင့်ပြုပေးလေ ဘဏ္ဍာ ငွေအလွဲသုံးစား ပြုလုပ်မှု ပိုမိုများ လာလေကို တွေ့ရှိရကြောင်း ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆို ခဲ့သည်။

  ပြည်ထောင်စု ဝန်ကြီးဌာနများ သည် နိုင်ငံတော် ဘဏ္ဍာငွေများ ကို နေ့ပြန် တိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံခြင်း စသည့် အလွဲ သုံးစားမှုများ ပြုလုပ်နေကြသည်။

ဝန်ကြီးဌာနများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လက်ဝယ်ကိုင်ဆောင်ထားပြီး မိမိပိုင် ငွေစုစာအုပ်များသို့ ထည့်သွင်း၍ အတိုးပေးစားခြင်း၊ ငွေကြေးများ ထောက်ပံ့ ချေး ငှားပြီး လုပ်ငန်းဆောင်ရွက်မှု မ ရှိခြင်းများ အရေးယူဆောင်ရွက်မှု အားနည်းသောကြောင့် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဌာနများ အလွဲသုံး စားမှု အထောက်အထားများကို လွှတ်တော်သို့ ထောက်ပြပြောဆိုခဲ့သည်။

  နိုင်ငံတော်၏စာရင်းများ စစ်ဆေး ရာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လ တွင်တွေ့ရှိရသည့် စစ်ဆေး တွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက် ချက်များ၊ အရေးယူ ဆောင်ရွက်ပြီး စီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ အမှတ်စဉ် (၁/၂၀၁၅)တွင် အထက်ပါအချက်များနှင့် ဝန်ကြီး ဌာနများ ဘဏ္ဍာရေး စည်းမျဉ်းချိုး ဖောက်မှုများ စစ်ဆေးတွေ့ရှိခဲ့သည် ဟု ဖော်ပြထားသည်။

ထို့အတူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ၂၅ ခုသည် သတ်မှတ်ကာလ ကျော် လွန်၍ ပို လျှံငွေ ပြန်အပ်မှုသည် ဘဏ္ဍာရေး စည်းမျဉ်းများကို ဖောက် ဖျက်ခြင်းဖြစ် ကြောင်း၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ ရသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံ တော်၏ အရ အသုံး စာရင်းများ စစ် ဆေးတွေ့ရှိ ချက် အစီရင်ခံစာကို ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်တို့ တင်သွင်းရာတွင် ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးမောင်တိုး က ပြောဆိုခဲ့သည်။

  နိုင်ငံတော်၏ ရသုံးဘဏ္ဍာငွေ ပိုလျှံငွေများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထား ပေးပို့ရသော်လည်း ဝန်ကြီးဌာန ၂၅ ခုနှင့် ဗဟို အဖွဲ့အ စည်း လေးခုတို့သည် သက်မှတ်ရက်ထက် ကျော်လွန်သည်အထိ အပ် နှံခြင်းကို ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက လက်ခံနေကြောင်း၊ ပိုလျှံငွေများ ကို အချိန်မီ အပ်နှံရန် လိုအပ်ခြင်းနှင့် အခြားသော ဘဏ္ဍာရေး စည်းမျဉ်း ဖောက်ဖျက်မှုများကို သိသိသာသာ လျော့နည်းစေရန်အတွက် ဘဏ္ဍာ ရေးဝန်ကြီးဋ္ဌာနအနေဖြင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ ကို ပြုပြင်ပြောင်းလဲထုတ်ပြန်ရန် လိုအပ် ကြောင်း ဦးမောင်တိုး က ပြောဆိုခဲ့သည်။

အစိုးရဌာနများအနေဖြင့် ဘဏ္ဍာ ရေးစည်းမျဉ်း စည်းကမ်းဖောက်ဖျက် မှု များပြား လာသောကြောင့်
 ပြည် သူ့ဘဏ္ဍာငွေဆိုင်ရာ ဥပဒေရေးဆွဲ ပြဋ္ဌာန်း ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အကြံပြုဆွေးနွေးမှု အပေါ် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လုပ် ဆောင်ပေး မည်ဟု ပြည်ထောင်စု လွှတ်တော်တွင်ပြောဆိုခဲ့သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေများ ပါဝင် သော နိုင်ငံတော် ဘဏ္ဍာငွေများမှ ရငွေနှင့် သုံးငွေများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ရာ စုစု ပေါင်း ရငွေနှင့်သုံးငွေ ၁၈,၈၂၃,၈၂၆ အနက် ၁၂,၁၆၅,၈၅၅ ကျပ်ဘီယီယံ ကို ထုတ်နုတ် စစ်ဆေးနိုင်ခဲ့ကြောင်း အစီရင်ခံစာ တွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဗဟိုအဖွဲ့အစည်း လေးခုနှင့် ဝန်ကြီး ဌာန ၂၅ ခုသည် သတ်မှတ်ကာလ ကျော်လွန်အပ်နှံငွေ စုစုပေါင်း ၄၀၈.၆၀၄ ဘီလီယံ ဖြစ်ပေါ် ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မ တီထံက သိရသည်။

စိုင်းဟန်

The Ladies News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template