Headlines News :
Home » , » White Card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံဟု စစ်တွေမြို့ အိမ်တိုင်း စာတန်းချိတ်မည်

White Card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံဟု စစ်တွေမြို့ အိမ်တိုင်း စာတန်းချိတ်မည်

Written By လွင့်မောင်မောင် on Saturday, February 7, 2015 | 2:55 PM

စစ်တွေ၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် ကန့်ကွက်သည့် စာတန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်တိုင်းတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ ချိတ်ကပ်မည် ဖြစ်ကြောင်း ယင်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအောင်ဌေးက ပြောကြားသည်။

“White Card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံ” ဟု ရေးသားထားသည့် စာတန်းကို ရပ်ကွက်တိုင်း၊ အိမ်တိုင်းတွင် ချိတ်ကပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီနေ့ ပထမဆုံး လုပ်သွားနိုင်တာက အိမ်တိုင်းမှာ စာတန်းကပ်နိုင်အောင် မိတ္တူတွေ ဆွဲနေတယ်။ အားလုံးကို ဖြန့်ဝေသွားမှာပါ။ ပြီးမှ မြို့ပတ် ကြော်ငြာသွားပါမယ်” ဟု ၎င်းကဆိုသည်။

ယင်းစာတန်း ချိတ်ကပ်သည့်အပြင် သာသနာ့အလံထောင်ခြင်းနှင့် လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံး ချိတ်ဆက်ကာ မြို့နယ်တိုင်း ရပ်ကွက်တိုင်း ပါဝင်နိုင်သော White Card ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ကျယ်ပြန့်စွာ ကျင်းပသွားမည်ဟုလည်း ဦးအောင်ဌေးက ပြောဆိုသည်။

စစ်တွေမြို့ရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၊ ရခိုင်အမျိုးသမီးများကွန်ရက်၊ မြို့မိမြို့ဖအဖွဲ့ အပါအဝင် လူမှုအဖွဲ့အစည်းပေါင်း ၂၀ ကျော်တို့သည် White Card ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ စစ်ကဲတော်မင်း ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ဆွေးနွေးမှုအပြီး ယင်းလှုပ်ရှားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၈ ၇က်နေ့တွင် စစ်တွေမှ အဖွဲ့ပေါင်းစုံ ပါဝင်နိုင်သော အစည်းအဝေးတစ်ခုကို ပြုလုပ်သွားရန် ရှိကြောင်း (၈၈) ရခိုင်လူမှုဖွံ့ဖြိုးရေး အဖွဲ့နှင့် ရခိုင်မျိုးဆက်သစ်များ နိုင်ငံရေးအင်အားစု အဖွဲ့ထံမှ သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲများတွင် ယာယီသက်သေခံကတ်များ ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

The Voice (ခင်မောင်အေး)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template