Headlines News :
Home » » ၀ှိုက်ကတ် မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံး အတိုင်းဖြင့် ဆက်တိုက်ဆန္ဒ ထုတ်ဖော်သွားမည်

ဝှိုက်ကတ် မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံး အတိုင်းဖြင့် ဆက်တိုက်ဆန္ဒ ထုတ်ဖော်သွားမည်

Written By လွင့်မောင်မောင် on Thursday, February 5, 2015 | 3:46 PM



ဝှိုက်ကတ်ကိုင်ဆောင်သူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ (၂) ရက်နေ့ ပြည်ထောင်စု လွှတ်တော် ကဆုံးဖြတ်ခဲ့ သည့်နဲ့ ပတ်သက်၍ ၀ှိုက်ကတ် (နိုင်ငံခြားသားများ) ကိုင်ဆောင်သူများအား မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြင်းပြင်းထန်ထန် ဆက်တိုက်ဆန္ဒ ထုတ်ဖော် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းဆန္ဒပြ ဆုံးဖြတ်ချက်ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိတရာမ ကျောင်းတိုက်တွင် ၀ှိုက်ကတ် Whit Card မဲပေးခွင့် ပယ်ချရေး ကော်မတီများမှ တညီတစ်ညွတ်တည်း ဆုံးဖြစ်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှ စတင်ပြုလုပ်မည်ဟု သိရသည်။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် သြ၀ါဒစရိယ ဆရာတော် ဦးပါမောက္ခမှ နိရဉ္စရာ သို့ ယခုကဲ့ သို့ မိန်ကြား သည်။

“ အစိုးရကတင်တာကို လွှတ်တော်ကနေ ဆုံးဖြတ်ထားတယ်။ ဒါကို ဦးဇင်းတို့က ကန့်ကွက်ရင် အစိုးရ ကတော့ လုံးဝကြိုက်မှာ မဟုက်ဘူးဆိုတာကို ဘုန်ကြီးတို့ လည်းထည့်တွက်ထားပြီးသားပါ။ လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေဘုန်းကြီးတို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာနိုင်ငံသားတွေက သာလျှင် ဖန်တီးခွင့်ရှိပါတယ်။ နိုင်ငံသားမဟုတ်သေးတဲ့ ၀ှိုက်ကတ်သမားတွေက ဖန်းတီခွင့်မရှိပါဘူး။ မြန်မာနိုင်ငံကို ဖျက်မယ့်ပုဂ္ဂိုလ် တွေက လုံးဝဖန်တီ ခွင့်မရှိပါဘူး။ ဒါကြောင့်မို့  ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိအောင် လုပ်ရမယ်။ လွှတ်တော်ကို အားကိုးနေလို့ မရဘူး’’ ဟု ဆရာတော် ဦးပါမောက္ခမှ မိန့် သည်။

ဝှိုက်ကတ်ကို မပယ်ဖျက်သရွှေ့ အချိန်ကန့် သက်ချက် မရှိ၊ ရက်ကန့် သက်မရှိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြင်းပြင်ထန်ထန် ဆန္ဒပြကန့် ကွက်သွား မည်ဖြစ်ပြီး နေပြည်တော် အထိ လမ်းလျှောက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်းလဲ ဆရာတော်ပါမောက္ခမှ ဆက်လက်မိန့် ကြားသည်။

အစိုးရ၏ လက်ကိုင်တုက်အစိုးရ၏ ဘက်တော်သားများဟု ဝေဖန်မူများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ဆရာတော်မှ ယခုကဲ့သို့  ဆက်လက် မိန့် ကြားသည်။
“ ဘုန်ကြီးတို့ ကိုအစိုးရရဲ့ ဘက်တော်သားအစိုးရရဲ့လက်ကိုင်တုက်ဆိုပြီး၊ စစ်ဖိနပ်အောက်ဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ ပြောနေကြတယ်။ ဘုန်းကြီးတို့  ကဘယ်အဖွဲ့ အစည်း မှ လက်အောက်ခံ မဟုက်ဘူး။ စစ်တပ်ရဲ့ လက်အောက်ခံလည်း မဟုတ်သလို ကြံ့ခိုင်ရေးရဲ့လက်အောက်ခံလဲ မဟုတ်ဘူး။ NLD အဖွဲ့ အစည်းကိုလဲ တိုက်နေတာ မဟုက်ဘူး။ သို့ သော် မိမိတို့ ရဲ့ တိုင်းပြည်၊ လူမျိုးနဲ့ မိမိတို့  ဘာသာသာသနာကို ထိခိုက်လာမည် ဆိုရင်တော့ မည့်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မှ ထားမည်မဟုက်ဘူး။ ဆန့်ကျင် တိုက်ခိုက် သွားရမှာ ဖြစ်တယ်” ဟု ဆရာတော် ပါမောက္ခမှ နိရဉ္စရာ သတင်းဌာနသို့ သီးသန့် ပြောကြားခဲ့သည်။

ဝှိုက်ကတ် မဲပေးခြင်း ပယ်ဖျက်ရေး ကော်မတီအဖွဲ့ ဝင်တစ်ဦးဖြစ်သူရခိုင်လူငယ်များအဖွဲ့ (ရန်ကုန်) ကိုညီညီမောင်မှလည်း နိရဉ္စရာသတင်းဌာနသို့ ယခုလိုပြောသည်။

“ နိုင်ငံတ်ာရဲ့ အချုပ်အာဏာဆိုတာ၂၀၀၈ အခြေခံဥပဒေအခန်း(၁)အပိုဒ်ခွဲ(၄)ပါပါတယ်။ နိုင်ငံသားတို့ ၏ အချုပ်အချာအာဏာဆိုသည် နိုင်ငံသားတို့  ထံမှ စီးဆင်ပြီး နိုင်ငံတစ်ဝန်းလုံး အာဏာတည်သည်ဟု ပါရှိတယ်။ ဆိုလိုတာကနိုင်ငံသားတို့ သာ နိုင်ငံအရေးကို စီရင်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားတို့ သာစီရင်ပိုင် ခွင့်ရှိတဲ့ ကိစ္စတစ်ခုကို နိုင်ငံသားမဟုတ်တဲ့ ၀ှိုက်ကတ်သမားတွေကို မဲပေးခွင့်ပြုတယ်ဆိုတာ အခြေခံ ဥပဒေနဲ့ လဲ လုံးဝ မကိုက်ညီဘူး။ လုံးဝလွဲချော်နေ ပါတယ်။ ဒါတွေကို ကျနော်တို့ အနေနဲ့ လုံးဝ မကျေနပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ၀ှိုက်ကတ်ကိုင်ဆောင်သူများကို မဲထည့်ခွင့်ပြုသည့် အပေါ် မကျေနပ်သော အဖွဲ့အစည်းများ အားလုံး စုပေါင်း ဆန္ဒပြရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ကိုညီညီမောင်က ပြောသည်။

အစည်းအဝေးမှ နေပြီး ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကို ဖေဖေါ်ဝါရီလ ၈ ရက် နေ့လယ် ၁ နာရီတွင်  ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်း ဘုရားကြီးမှ စတင်မည်ဟု သိရသည်။

၎င်းဆန္ဒပြကန့် ကွက်မှုကို ( ၇)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ပြုလုပ်သွားမည်ဖြစ်ပြီး (၇)ရက် မြောက်သည့် အချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထူးခြားမူမရှိပါက ရန်ကုန်မြို့မှ နေပြည်တော် အထိ ချီတက်ဆန္ဒပြ ကန့် ကွက်သွားမည်ဖြစ်ကြောင်း ယင်းဆုံးဖြတ်ချက်အရ သိရသည်။

ဝဏ္ဍခွာညို (ရန်ကုန်)
နိရဉ္စရာ သတင်းဌာန
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template