Headlines News :
Home » , » ကမ္ဘာ့လေးစားချစ်ခင်ဖွယ်အကောင်းဆုံးဖြစ်လာတဲ့ မင်းသမီး အန်ဂျလီနာဂျို လီ

ကမ္ဘာ့လေးစားချစ်ခင်ဖွယ်အကောင်းဆုံးဖြစ်လာတဲ့ မင်းသမီး အန်ဂျလီနာဂျို လီ

Written By လွင့်မောင်မောင် on Wednesday, February 4, 2015 | 12:58 PM



မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်(ဓာတ်ပုံ- marie claire.com)

လူတို့ရဲ့ထင်မြင်ချက်များကို စစ်တမ်းကောက်ယူလျက်ရှိသော ဗြိတိန်နိုင်ငံရဲ့လူမှုရေးစာမျက်နှာ တစ်ခုဖြစ်တဲ့  YouGov ရဲ့ စစ်တမ်းကောက်ယူချက်များအရ နိုင်ငံပေါင်း (၂၃)နိုင်ငံမှာ လူပေါင်း နှစ်သောင်းငါးထောင်ကျော်ဟာ ရုပ်ရှင်မင်းသမီးချော အင်ဂျလီနာဂျိုလီကို ကမ္ဘာ့လေးစားချစ်ခင်ဖွယ် အကောင်းဆုံးအမျိုးသမီးအဖြစ် မဲပေးသတ်မှတ်ခဲ့ကြပါတယ်။

ရုပ်ရှင်မင်းသမီးတစ်ဦးလည်းဖြစ်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့အပြင် လူမှုရေးသမားတစ်ဦး တဖြစ်လဲ၊ ကလေး (၆)ယောက်တို့ရဲ့မိခင် အင်ဂျီလီနာဂျိုလီဟာ တာလီဘန်တို့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရာက ပြန်လည်ကောင်းမွန်လာခဲ့တဲ့ နိုဘယ်ဆုရှင် အသက်(၁၇)နှစ်အရွယ် မာလာလာနဲ့ ဟီလာရီကလင်တန်တို့ကို ကျော်တက်ပြီး လူများရဲ့ လေးစားမှုကို အများဆုံးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ့လေးစားချစ်ခင်ဖွယ် အကောင်းဆုံး အမျိုးသမီးများရဲ့ ဒုတိယနေရာကိုတော့ မာလာလာနဲ့ တတိယ နေရာကို ဟီလာရီ ကလင်တန်က ရရှိခဲ့တာပါ။

ဗြိတိသျှနိုင်ငံက သတ်မှတ်တဲ့စာရင်းမှာတော့ ဘုရင်မကြီးအား လေးစားချစ်ခင်ဖွယ် အကောင်းဆုံးအမျိုးသမီးအဖြစ် မဲပေးခဲ့ကြပေမယ့်လည်း ကမ္ဘာ့အမျိုးသမီးများအကြားမှတော့ ဂျိုလီက အနိုင်ရရှိခဲ့ပြီး ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်ကတော့ စတုတ္ထနေရာကို ဆွတ်ခူးခဲ့ပါတယ်။ သူ့နောက်မှာတော့ အမေရိကန် သမ္မတကတော် မီရှဲလ်အိုဘားမားက ပဉ္စမမြောက်နေရာကို ရခဲ့တာပါ။  ဆဌမမြောက်နေရာကိုတော့နိုင်ငံကျော် အဆိုတော်စီလင်းဒီရွန်က ထူးခြားစွာပဲရရှိခဲ့ပါတယ်။

အဆင့်(၁)မှ (၁၀)အထိ ကမ္ဘာ့လေးစားချစ်ခင်ဖွယ်အကောင်းဆုံးအမျိုးသမီးများရဲ့ စာရင်းအပြည့်အစုံ ကတော့၊

(၁)  အင်ဂျလီနာဂျိုလီ
(၂)  မာလာလာ ယူဆွပ်ဇိုင်
(၃) ဟီလာရီကလင်တန်
(၄) မီရှဲလ်အိုဘားမား
(၅) ဘုရင်မကြီး အဲလစ်ဇဘက်
(၆) အဆိုတော် စီလင်းဒီရွန်
(၇) အော်ပရာဝင်းဖရီး
(၈) သရုပ်ဆောင် ဂျုလီယာရောဘတ်
(၉) နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်
(၁၀) ဂျာမန်နိုင်ငံရေးသမား အင်ဂျလာမာ့ကယ်


ဗြိတိသျှနိုင်ငံက သတ်မှတ်တဲ့ စာရင်းထဲမှာတော့

(၁) ဘုရင်မကြီး အဲလစ်ဇဘက်
(၂)ရုပ်ရှင်မင်းသမီးကြီး ဂျုဒီဒန့်ခ်ျ
(၃) မာလာလာ ယူဆွပ်ဇိုင်

(၄) ရုပ်ရှင်မင်းသမီးကြီး ဟယ်လန်မီရန်
(၅) ကိန်းဘရစ်ခ်ျ မင်းသမီးတော်ကိတ်မစ်တယ်ဒန်
(၆) နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်
(၇) အင်ဂျလီနာဂျိုလီ
(၈) ဂျာမန်နိုင်ငံရေးသမားအင်ဂျလာမာ့ကယ်
(၉) ဟီလာရီကလင်တန်
(၁၀)မီရှဲလ်အိုဘားမား


ဒီ နာမည်စာရင်းတွေကိုကြည့်လိုက်ရင် ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်များနဲ့ နိုင်ငံရေးသမားတွေဟာ လူထုအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြောင်း ဖော်ပြလျက်ရှိပါတယ်။ နိုင်ငံအသီးသီးမှ လေးစားချစ်ခင်ဖွယ်အကောင်းဆုံး အမျိုးသမီးများစာရင်း အမျိုးမျိုးထွက်ပေါ်ခဲ့ပေမယ့်လည်း အင်ဂျလီနာဂျီလီဟာ ကမ္ဘာ့ ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ ၊တော်ဝင်အမျိုးအနွယ်များကို ကျော်တက်ပြီး ကမ္ဘာ့လေးစားချစ်ခင်ဖွယ်အကောင်းဆုံး အမျိုးသမီးအဖြစ် မဲအများဆုံး ရရှိခဲ့ပါတယ်။

 ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template