Headlines News :
Home » » သတင်းမီဒီယာ လွတ်လပ်ခွင့်အဆို လွှတ်တော်အမတ် ၂၀၀ ကျော် ကန့်ကွက်

သတင်းမီဒီယာ လွတ်လပ်ခွင့်အဆို လွှတ်တော်အမတ် ၂၀၀ ကျော် ကန့်ကွက်

Written By လွင့်မောင်မောင် on Saturday, February 7, 2015 | 3:05 PM


Friday, 06 February 2015 10:05
  
မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်ဖို့ အဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းတဲ့အခါ လွှတ်တော် ကိုယ်စားလှယ် ၂၁၇ ယောက်က ကန့်ကွက်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

ဒီအဆိုကို လှည်းကူးမဲဆန္ဒနယ်က ဦးဖြိုးမင်းသိန်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။

“စိတ်မကောင်းလည်း ဖြစ်မိတယ်။ အံ့လည်း အံ့သြမိတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးဟာ ပြည်သူ့အသံကို နားထောင်တဲ့ လွှတ်တော်ကြီး ဟုတ်ပါရဲ့လားလို့ သံသယဖြစ်မိတယ်” လို့ အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီအဆိုကို တင်သွင်းရတာဟာ သတင်းမီဒီယာတွေ ဖမ်းဆီးခံနေရတာတွေ၊ သေဆုံးတာတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် ကောင်းမွန်တဲ့ အဆင့်ကို မရောက်သေးဘဲ ပြည်ပ မီဒီယာတွေ ကလည်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို စောင့်ကြည့်နေတာကြောင့် ဒီအဆိုကို တင်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဒီအဆိုကို တင်သွင်းရာမှာ ဥပဒေနဲ့ အညီ လုပ်ဆောင်ပေးဖို့ဆိုတာ ပါတယ်။ ဥပဒေနဲ့ လုပ်ဆောင်တယ် ဆိုတာကို ဘာကန့်ကွက်တာလဲ ဆိုတာ မသိဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းမီဒီယာမှာ လွတ်လပ်ခွင့်ရှိနေပြီး ဖြစ်လို့ အဆိုရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းစွာ မသိဘဲ မီဒီယာတွေမှာ ကျင့်ဝတ်တွေ ရှိနေတာမို့ အဲဒီ ကျင့်ဝတ်တွေကို လိုက်နာရင် ဥပဒေတောင် မလိုဘူးလို့ ယူဆတာမို့ ကန့်ကွက်မဲ များနေတာ ဖြစ်နိုင်တယ်လို့ ကန့်ကွက်မဲထည့်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက သူ့အမြင်ကို ပြောပါတယ်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template