Headlines News :
Home » » အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းသုံးခု ချင်းမိုင်တွင် သီးခြားတွေ့ဆုံမည်

အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းသုံးခု ချင်းမိုင်တွင် သီးခြားတွေ့ဆုံမည်

Written By လွင့်မောင်မောင် on Friday, February 6, 2015 | 8:10 AM

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကိစ္စဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့တို့နှင့် သီးခြားတွေ့ဆုံသွားမည် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ထံမှ သိရှိရသည်။

ယင်းတွေ့ဆုံမှုများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကို သီးခြားတွေ့ဆုံမည် ဖြစ်ကြောင်း MPC ထံမှ သိရှိရသည်။

“ဆွေးနွေးမှုကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အတွက်ပါပဲ၊ NCCT ကလည်း ပြီးခဲ့တဲ့ ၂၁ ရက်နေ့ ဆွေးနွေးပွဲမှာ ကျန်ရှိနေသေးတဲ့ အချက်တွေကို ဆက်ဆွေးနွေးမယ့် သဘောပါ။ သီးခြားဆွေးနွေးမယ် ဆိုပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ကိုပဲ ဦးတည်ဆွေးနွေးကြမှာပါ” ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က ပြောကြားသည်။

ယင်းဆွေးနွေးပွဲများ ပြုလုပ်ရန် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကြိုကော်မတီတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိသည်။

အဆိုပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကို ချင်းမိုင်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်လည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ဆိုသည်။

အဆိုပါ ချင်းမိုင်း တွေ့ဆုံဆွေးနွေးပွဲတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင် လိုင်ဇာသင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုနှင့် ပတ်သက်၍လည်း ထပ်မံ ထည့်သွင်းဆွေးနွေးသွားရန် ရှိကြောင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ထံမှ သိရသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template