Headlines News :
Home » , » လျှပ်စစ်မီး ဈေးကြီးသဖြင့် ဓာတ်ငွေ့ကုမ္ပဏီများ အခြေစိုက်သော ရွာတွင် ဆန္ဒပြ

လျှပ်စစ်မီး ဈေးကြီးသဖြင့် ဓာတ်ငွေ့ကုမ္ပဏီများ အခြေစိုက်သော ရွာတွင် ဆန္ဒပြ

Written By လွင့်မောင်မောင် on Wednesday, February 4, 2015 | 9:56 PM


ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့၌ လူဦးရေ ၁၀၀၀ ကျော်က ချီတက်ဆန္ဒပြ
Dawei Watch| ကံပေါက်၊ ဖေဖော်ဝါရီ ၎

ထိုင်းနိုင်ငံသို့ ရောင်းချနေသော စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် တိုတယ်၊ PTTEP နှင့် ပက်ထရောနပ် ကုမ္ပဏီတို့ အခြေစိုက်သော ကံပေါက်ရွာနှင့် ဒေသတစ်ဝိုက်တွင် လျှပ်စစ်မီတာခနှုန်းထားများ ဈေးနှုန်းမြင့်မားနေသဖြင့် ယင်းဒေသသို့ မဟာဓာတ်အားလိုင်းရရှိရေး ဖေဖော်ဝါရီ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

ကံပေါက်ဒေသတွင် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်းများမှ ဖြန့်ဖြူးပေး သည့် လျှပ်စစ်ကို တစ်ယူနစ်လျှင် ၆၅၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ သုံးစွဲနေရသဖြင့် ကံပေါက်ဒေသခံ ၁၅၀ ကျော်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ကံပေါက်ဒေသကို ဂက်စ် (ပိုက်လိုင်း) ဖြတ်သွားတာ ၁၅နှစ်ကျော်နေပြီ။ ဒီနေ့အထိ ဂက်စ်နဲ့ အကျိုးခံစားခွင့် ဘာမှမရရှိခဲ့ဘူး“ဟု ကံပေါက်ကျေးရွာမှ ဦးအုန်းလွင်က ဆိုသည်။

တစ်နိုင်ငံလုံးလွမ်းခြုံပြီး ၂၃၀ ကေဗွီ ဓါတ်အားလိုင်းများသည် ပြည်နယ်/တိုင်းများတွင်
ရောက်ရှိနေပြီဖြစ်သော်လည်း လက်ရှိအစိုးရ၏ မျက်နှာလွှဲ ခဲပစ်လုပ်ထားသဖြင့် တနင်္သာရီတိုင်းဒေသကြီးက ကွက်ပြီး ကျန်နေခဲ့ကြောင်း တနင်္သာရီသယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကျော်ကျော်သက်က ပြောဆိုသည်။

ဆန္ဒထုတ်ဖော်သူများက မဟာဓာတ်အားလိုင်း အမြန်ဆုံးရရှိရေး- ဒို့အရေး၊ လျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့်အမြန်ဆုံးရရှိရေး -ဒို့အရေး၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးအမြန်ဆုံးရရှိရေး-ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်ဟု ကြွေးကြော်ကာ မိကျောင်းအိုင် ဘောလုံးကွင်းမှ လမ်းမကြီးအတိုင်း ကံပေါက်ဘောလုံးကွင်းသို့ ချီတက်ကာ ယင်းဘော်လုံးတွင်ဟောပြောပွဲပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးသို့ မဟာဓါတ်အားလိုင်းသွယ်တန်းမည်ဆိုလျှင် မော်လမြိုင်မှ တဆင့် သွယ်တန်းနိုင်သော်လည်း  မော်လမြိုင်-ကံပေါက်-ထားဝယ်သို့သွယ်တန်းမည့် မဟာ ဓါတ်လိုင်းကို အစိုးရက လွှတ်တော်တွင် ထုတ်ဖော်ခြင်း၊ ဆွေးနွေးခြင်း တစုံတရာမရှိသေးကြောင်း ဦးကျော်ကျော်သက်က
  ပြောဆိုသည်။

“သက်ဆိုင်ရာ လွှတ်တော်တွေမှာ လွှတ်တော်တက်နေတဲ့ လွှတ်တော်အမတ်တွေကလည်း တနင်္သာရီတိုင်းမဟာဓါတ်အား လိုင်းရရှိရေးအတွက်ကို စိတ်ရောကိုယ်ပါ စေတနာပါပါနဲ့ တောင်းဆိုပေးပါလို့ ဒီနေရာကနေတောင်းဆိုလိုပါတယ်”ဟု ဦးကျော်ကျော်သက်ကဆိုသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကမ်းလွန်သဘာဝဓါတ်ငွေ့သိုက်များမှ တဆင့် ထားဝယ်ခရိုင်၊ ကံပေါက်ဒေသကိုဖြတ်သန်းကာ ရတနာ၊ ရဲတံခွန်၊ ဇောတိကသဘာဝဓါတ်ငွေ့ စီမံကိန်းများမှ တစ်နေ့လျှင်
သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၁၅၀၀ တင်ပို့ရောင်းချလျှက်ရှိသည်ဟု
တနင်္သာရီသယံ ဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီက ဇန်န၀ါရီလ ၂၄ ရက်နေ့
သတင်းထုတ်ပြန်ခဲ့သည်။

“တနင်္သာရီတိုင်းသားများ မြန်မာပြည်ထဲမှာပါရဲလား”ဟုထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌဦးအေးမင်းကမေးခွန်းထုတ်စဉ်
တစ်နိုင်ငံလုံးနှုန်းထားအတိုင်း သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းသုံးစွဲခွင့်ရရှိရေးအတွက် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့၌ လူဦးရေ ၁၀၀၀ ကျော်က ချီတက်ဆန္ဒပြခဲ့ပြီး
မြန်မာနိုင်ငံအတွင်းရှိ အခြားနေ ရာများနှင့် လျှပ်စစ်မီတာခတန်းတူမရရှိသဖြင့် “တနင်္သာရီတိုင်းသားများ မြန်မာပြည်ထဲမှာပါရဲလား” ဟု ပြည်ထောင်စုအ စိုးရကို ဆန္ဒပြခေါင်းဆောင်များက
  မေးခွန်းထုတ်ထားသည်။



Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template