
ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့အခမ်းနားဆုံး Mister ပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ် အဖြစ် မြန်မာပြည်ကိုယ်စားပြုအနေနဲ့ အောင်ချမ်းမြ က ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၅၀ ကျော်က ပြိုင်ပွဲဝင်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာပါ။ ဒီပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြုလုပ်မှာပါ။
“အခု Mister International ပြိုင်ပွဲက ကမ္ဘာမှာ အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် ဆုရခြင်း မရခြင်း ဆိုတာထက် မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရတာကိုက အရမ်းပဲ ဂုဏ်ယူဖို့ ကောင်းပါတယ်။” လို့ အောင်ချမ်းမြရဲ့ organizer ဖြစ်တဲ့ Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ပြောပါတယ်။
ဒါ့အပြင် Mister ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲကာလတလျှောက်မှာတော့ သူတို့နိုင်ငံရဲ့ ခရီးသွားတွေ စိတ်ဝင်စားမယ့်နေရာတွေကို သွားရောက်လေ့လာရခြင်း၊ တဦးနဲ့တဦး ပေါင်းသင်းဆက်ဆံရေး၊ ဒါ့အပြင် ပြိုင်ပွဲကာလတလျှောက် ပြိုင်ပွဲဝင်တွေရဲ့ လှုပ်ရှားမှု၊ ဆောင်ရွက်မှုတွေကို စောင့်ကြည့်ပြီးတော့ အကဲဖြတ်တွေအနေနဲ့ စောင့်ကြည့်အမှတ်ပေးသွားမှာပါ။ ပြိုင်ပွဲဝင်တွေရဲ့ ခန္တာကိုယ် fitness ပိုင်းတွေ၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်တာတွေကို စမ်းသပ်မယ့် အင်တာဗျူးတွေ၊ ရေကူးဝတ်စုံပြိုင်ပွဲ၊ ညနေခင်း ၀တ်စုံပြိုင်ပွဲ စတဲ့ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“Miss ပြိုင်ပွဲတွေလိုပါပဲ။ Mister ပြိုင်ပွဲတွေ ကျင်းပတာက နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်တဲ့ အခါမှာ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေ နောက် ဓလေ့ထုံးစံတွေပေါ့ ဒါတွေကို တယောက်နဲ့တယောက် ချစ်ကြည်ရင်းနှီးမှု ရှိရှိနဲ့ ဖလှယ်ကြမယ်။ နောက်ပြီးတော့ လူငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်မှု ကိုယ်ကာယ ကျန်းမာ ကြံ့ခိုင်မှုပေါ့။ ဒါတွေကို ယှဉ်ပြိုင်ကြရပါတယ်။ ပြန်လာတဲ့အခါမှာတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေကို တနှစ်ပတ်လုံး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။” လို့ ကိုဝေယံအောင်က ရှင်းပြပါတယ်။
မြန်မာကိုယ်စားပြု အောင်ချမ်းမြရဲ့ အမျိုးသားဝတ်စုံကိုတော့ ကုန်းဘောင်မင်းဆက် ရှင်ဘုရင်ဝတ်စုံ ဒီဇိုင်းမျိုးနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ထက် Mister International ပြိုင်ပွဲကြီးရဲ့ People's Choice Award အတွက်ကို ဒီပြိုင်ပွဲကြီးရဲ့ Official Voting မှာ မဲပေးနိုင်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အဲ့ဒီ Voting Link ကတော့..
www.missosology.info/forum/viewtopic.php?f=7&t=582292
Mister International 2014 ပြိုင်ပွဲကြီးဟာ ၉ ကြိမ်မြောက် ပြုလုပ်ကျင်းပတာလည်းဖြစ်ပါတယ်။
ဧရာဝတီBlog