Headlines News :
Home » » တရုတ် မြို့ကြီးတွေ လေထု အရည်အသွေး စံချိန် မပြည့်မီ

တရုတ် မြို့ကြီးတွေ လေထု အရည်အသွေး စံချိန် မပြည့်မီ

Written By လွင့်မောင်မောင် on Tuesday, February 3, 2015 | 9:52 PM


မြို့တော် ဘေဂျင်း အပါအဝင် မြို့ကြီး အတော်များများ လေထု အရည်အသွေး စံချိန် မမီ
တရုတ် နိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လေထု သန့်ရှင်းမှု စံချိန်ကို အကြီးဆုံး မြို့ကြီး ၇၄ မြို့ထဲက ၈ မြို့သာ ပြည့်မီတယ်လို့ တရုတ် ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးဌာနက ကြေညာပါတယ်။

မြို့တော် ဘေဂျင်းကို ဝန်းရံနေတဲ့ တရုတ် အရှေ့မြောက်ပိုင်းရှိ ဟီဘေး ပြည်နယ်က မြို့တွေကတော့ လေထု ညစ်ညမ်းမှု အဆိုးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဘေဂျင်းနဲ့ ရှန်ဟိုင်း မြို့ကြီး ၂ မြို့စလုံး ဟာလည်း လေထု အရည်အသွေး အကဲဖြတ်ချက်မှာ စံချိန် မမီခဲ့ပါဘူး။

လေထု ညစ်ညမ်းမှုကို ပြဿနာကို ဖြေရှင်းဖို့ တရုတ် အစိုးရက ကြိုးပမ်း လာခဲ့ပေမယ့် နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်အတွက် ကျောက်မီးသွေး စွမ်းအင်ကို အလွန်အကျွံ မှီခိုနေရဆဲ ဖြစ်ပါတယ်။

ဟီဘေး ပြည်နယ်က ကျောက်မီးသွေး အသုံးပြုတဲ့ စက်ရုံ ၈ ထောင်ကျော်ကို မနှစ်တုန်းက တရုတ် အစိုးရက ပိတ်ပစ် ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ရဲ့ တုံ့နှေးလာတဲ့ စီးပွားရေးကို ကျားကန်ဖို့ စက်ရုံတွေ ပိတ်ပစ်တာကို အစိုးရက သတိထား ကိုင်တွယ် နေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template