ထားဝယ်ခရိုင်၊
ကံပေါက်ဒေသရှိ ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်းစီ မံကိန်း
လုပ်ဆောင်နေသည့် ပြစ်သစ် အခြေစိုက် Total E@P Myanmar ကုမ္ပဏီ၏
ကန်ထရိုက်ကုမ္ပဏီနှစ်ခုမှ အလုပ်ရပ်စဲခံခဲ့သော အလုပ်သမား ၁၁၅ ဦးက
အလုပ်ပြန်လည်ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး
အပြည့်အ၀ရရှိရေးဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း
အလုပ်သမားများထံမှ
သိရသည်။
တိုတယ်မြန်မာ
ကုမ္ပဏီ၏
ကန်ထရိုက်ကုမ္ပဏီများဖြစ်သော UE ကုမ္ပဏီမှ အမြဲတမ်း အလုပ်သမား ၁၀၄ ဦးနှင့်
TNEကုမ္ပဏီမှ အမြဲတမ်းအလုပ်သမား ၁၁ဦးတို့ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က
အလုပ်ရပ်နားခံရပြီးနောက် ယင်းအလုပ်သမားများက တောင်းဆိုချက် ၆ ချက်ကို
တောင်းဆိုခဲ့သော်လည်း
အရာမထင်လာသေးသဖြင့် ထိုသို့ ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်း
ဆန္ဒပြန်ရန် လျှောက်ထားသူ
ဦးညွှန့်နှင်းက ပြောကြားသည်။
အလုပ်သမားများတောင်းဆိုချက်
၆ ချက်ကို ရေဖြူမြို့နယ် အလုပ်သမား ဖြန်ဖြေရေးညှိနှိုင်းရေးကော်မတီ၌ ဖြေရှင်းရာ အချက်
၃ ချက်ကို နှစ်ဦးနှစ်ဖက်သဘောတူကြပြီး မပြေလည်သေးသည့် အချက် ၃ချက်ကို
တိုင်းခုံပမာဓိအဖွဲ့ထံ ဖြေရှင်း ပေးရန် အလုပ်သမားများကလျှောက်ထား၍ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံဖြေရှင်းရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
တိုင်းခုံပမာဓိအဖွဲ့ထံ ဖြေရှင်း ပေးရန် အလုပ်သမားများကလျှောက်ထား၍ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံဖြေရှင်းရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
“အလုပ်ထုတ်ခံရသော
အလုပ်သမားများက အလုပ်သမားရပိုင်ခွင့်ကိုရရှိရေး အတွက် ဆန္ဒထုတ်ဖော်ရန် ဖေဖေါ်ဝါရီလ
၅ ရက်နေ့က ရေဖြူမြို့နယ် ရဲတပ်ဖွဲ့ရုံးမှာ စာတင်ထားတယ်”ဟု ဦးညွန်နှင်းကဆိုသည်။
အဆိုပါ အလုပ်သမားများတောင်းဆိုထားသည့်
အချက် ၆ ချက်မှ ခွင့်ခံစားခွင့်၊ နစ်ပတ်လည်ဆုကြေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆုကြေးငွေ
တို့ကို နှစ်ဦးနှစ်ဖက်သဘောတူပြီး လုပ်သက်ခံစားခွင့်၊
အလုပ်ထုတ်နစ်နာကြေးနှင့် ကြားကာလ နစ်နာကြေးများ ရရှိရန် အလုပ်သမားများက ဆက်လက် တောင်းဆိုလျှက် ရှိသည်ဟု သိရသည်။
အလုပ်ထုတ်နစ်နာကြေးနှင့် ကြားကာလ နစ်နာကြေးများ ရရှိရန် အလုပ်သမားများက ဆက်လက် တောင်းဆိုလျှက် ရှိသည်ဟု သိရသည်။
“အလုပ်နားခံရစဉ်က
ဘယ်လိုခံစားခွင့်ပေးမယ်ဆိုတာကို ကြိုတင်
အသိမပေးတဲ့အတွက် ကုမ္ပဏီအပေါ်မှာ စိတ်ပျက် မိတယ်”ဟု အလုပ်သမား ဦးဇာနီလတ်က ဆိုသည်။
ဆန္ဒထုတ်ဖော်သူများသည်
လုပ်ပြန်လည်ရရှိရေး-ဒို့အရေး၊ လုပ်သက်ခံစားခွင့်အမြန်ရရှိရေး- ဒို့အရေး၊ အလုပ်သမား
ဂုဏ်သိက္ခာ မထိပါးရေး-ဒို့အရေး၊ ဒေသခံများအကျိုးစီးပွားတိုးတက်ေ ရး-ဒို့အရေး၊ အလုပ်သမား အခွင့်အရေး တန်းတူရရှိ ရေး- ဒို့အရေး၊ အရေးတော်ပုံ-အောင်ရမည်ဟုကြွေးေ ကြာ်သံများကို
ကြွေကြော်ကာ ကံပေါက်ဘော်လုံးကွင်းမှ တိုတယ်ပိုက်လိုင်း ဗဟိုစခန်းအရှေ့မှ
အုန်းပင်ကွင်း ဘောလုံးကွင်းသို့ ချီတက်ကာဆန္ဒထုတ်ဖော်မည်ဖြစ်သည်။
အုန်းပင်ကွင်း ဘောလုံးကွင်းသို့ ချီတက်ကာဆန္ဒထုတ်ဖော်မည်ဖြစ်သည်။
UE ကုမ္ပဏီမှ
အလုပ်ထုတ်ခံရသောအလုပ်သမား ၁၀၄ ဦးမှာ စက်ကြီးယာဉ်မောင်း၊ ယာဉ်မောင်း၊လမ်း/တံတားကျွမ်း
ကျင်လုပ်သားနှင့် သာမန်လုပ်သားများဖြစ်ပြီး TNEကုမ္ပဏီမှ အလုပ်ထုတ်ခံရသူ ၁၁ ဦးမှာ လျှပ်စစ်ပိုင်းဆိုင်ရာနှင့်
ရေပိုင်းဆိုင်ရာကျွမ်းကျင်လုပ် သားများဖြစ်သည်ဟု သိရသည်။
တိုတယ်ကုမ္ပဏီသည်
မုတ္တမကမ်းလွန်ပင်လယ်မှ ကံပေါက်ဒေသကိုဖြတ်၍ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့တင်ပို့ ရောင်းချ
လျှက်ရှိပြီး ပိုက်လိုင်းဖြတ်သန်းရာ ဗဟိုစခန်းကို ကံပေါက်ဒေသတည်ဆောက် လုပ်ကိုင်လျှက်ရှိသည်။
Dawei
Watch