Headlines News :
Home » , » Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၅

Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၅

Written By လွင့်မောင်မောင် on Friday, February 6, 2015 | 3:46 PM

 
ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း
လုပ်ဆောင်နေသည့် ပြစ်သစ် အခြေစိုက် Total E@P Myanmar ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီနှစ်ခုမှ အလုပ်ရပ်စဲခံခဲ့သော အလုပ်သမား ၁၁၅ ဦးက အလုပ်ပြန်လည်ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိရေးဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

တိုတယ်မြန်မာ ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီများဖြစ်သော UE ကုမ္ပဏီမှ အမြဲတမ်း အလုပ်သမား ၁၀၄ ဦးနှင့် TNEကုမ္ပဏီမှ အမြဲတမ်းအလုပ်သမား ၁၁ဦးတို့  ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က အလုပ်ရပ်နားခံရပြီးနောက် ယင်းအလုပ်သမားများက တောင်းဆိုချက် ၆ ချက်ကို တောင်းဆိုခဲ့သော်လည်း အရာမထင်လာသေးသဖြင့် ထိုသို့ ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်း ဆန္ဒပြန်ရန် လျှောက်ထားသူ ဦးညွှန့်နှင်းက ပြောကြားသည်။

အလုပ်သမားများတောင်းဆိုချက် ၆ ချက်ကို ရေဖြူမြို့နယ် အလုပ်သမား ဖြန်ဖြေရေးညှိနှိုင်းရေးကော်မတီ၌ ဖြေရှင်းရာ အချက် ၃ ချက်ကို နှစ်ဦးနှစ်ဖက်သဘောတူကြပြီး မပြေလည်သေးသည့် အချက် ၃ချက်ကို
တိုင်းခုံပမာဓိအဖွဲ့ထံ ဖြေရှင်း ပေးရန် အလုပ်သမားများကလျှောက်ထား၍ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံဖြေရှင်းရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“အလုပ်ထုတ်ခံရသော အလုပ်သမားများက အလုပ်သမားရပိုင်ခွင့်ကိုရရှိရေးအတွက် ဆန္ဒထုတ်ဖော်ရန် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ရေဖြူမြို့နယ် ရဲတပ်ဖွဲ့ရုံးမှာ စာတင်ထားတယ်”ဟု ဦးညွန်နှင်းကဆိုသည်။

အဆိုပါ အလုပ်သမားများတောင်းဆိုထားသည့် အချက် ၆ ချက်မှ ခွင့်ခံစားခွင့်၊ နစ်ပတ်လည်ဆုကြေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆုကြေးငွေ တို့ကို နှစ်ဦးနှစ်ဖက်သဘောတူပြီး လုပ်သက်ခံစားခွင့်၊
အလုပ်ထုတ်နစ်နာကြေးနှင့် ကြားကာလ နစ်နာကြေးများ ရရှိရန် အလုပ်သမားများက ဆက်လက် တောင်းဆိုလျှက် ရှိသည်ဟု သိရသည်။

“အလုပ်နားခံရစဉ်က ဘယ်လိုခံစားခွင့်ပေးမယ်ဆိုတာကို  ကြိုတင်  အသိမပေးတဲ့အတွက် ကုမ္ပဏီအပေါ်မှာ စိတ်ပျက် မိတယ်”ဟု အလုပ်သမား ဦးဇာနီလတ်က ဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် လုပ်ပြန်လည်ရရှိရေး-ဒို့အရေး၊ လုပ်သက်ခံစားခွင့်အမြန်ရရှိရေး-ဒို့အရေး၊ အလုပ်သမား ဂုဏ်သိက္ခာ မထိပါးရေး-ဒို့အရေး၊ ဒေသခံများအကျိုးစီးပွားတိုးတက်ရေး-ဒို့အရေး၊ အလုပ်သမား အခွင့်အရေး တန်းတူရရှိ ရေး- ဒို့အရေး၊ အရေးတော်ပုံ-အောင်ရမည်ဟုကြွေးကြော်သံများကို ကြွေကြော်ကာ ကံပေါက်ဘော်လုံးကွင်းမှ တိုတယ်ပိုက်လိုင်း ဗဟိုစခန်းအရှေ့မှ
အုန်းပင်ကွင်း ဘောလုံးကွင်းသို့ ချီတက်ကာဆန္ဒထုတ်ဖော်မည်ဖြစ်သည်။

UE ကုမ္ပဏီမှ အလုပ်ထုတ်ခံရသောအလုပ်သမား ၁၀၄ ဦးမှာ စက်ကြီးယာဉ်မောင်း၊ ယာဉ်မောင်း၊လမ်း/တံတားကျွမ်း ကျင်လုပ်သားနှင့် သာမန်လုပ်သားများဖြစ်ပြီး TNEကုမ္ပဏီမှ အလုပ်ထုတ်ခံရသူ ၁၁ ဦးမှာ လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေပိုင်းဆိုင်ရာကျွမ်းကျင်လုပ်သားများဖြစ်သည်ဟု သိရသည်။

တိုတယ်ကုမ္ပဏီသည် မုတ္တမကမ်းလွန်ပင်လယ်မှ ကံပေါက်ဒေသကိုဖြတ်၍ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့တင်ပို့ ရောင်းချ လျှက်ရှိပြီး ပိုက်လိုင်းဖြတ်သန်းရာ ဗဟိုစခန်းကို ကံပေါက်ဒေသတည်ဆောက်  လုပ်ကိုင်လျှက်ရှိသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template