Headlines News :
Home » » အလွမ်းမပြေနိုင်တဲ့ပြည်မြို့က ခင်ဝမ်းအမှတ်တရပွဲ

အလွမ်းမပြေနိုင်တဲ့ပြည်မြို့က ခင်ဝမ်းအမှတ်တရပွဲ

Written By လွင့်မောင်မောင် on Wednesday, February 4, 2015 | 3:18 PM




အဆိုတော်ခင်ဝမ်းအမှတ်တရပွဲ (ဓာတ်ပုံများ - ကောင်းမြတ်မင်း)

 သေသောသူကြာရင်မေ့ဆိုတဲ့ မြန်မာစကားပုံဟာ ကိုခင်ဝမ်းကို ချစ်တဲ့ပရိတ်သတ်အတွက် မပါလောက်ဘူး ထင်ပါတယ်။

၂၀၀၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ကကွယ်လွန်သွားခဲ့တဲ့ ကိုခင်ဝမ်းကို သူ့ရဲ့ အနုပညာ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ပရိတ်သတ်ကတော့ အခုချိန်အထိ မမေ့နိုင် အလွမ်းမပြေသေးဘူးလို့ ပြောပါတယ်။




အဲဒီလို မမေ့နိုင် အလွမ်းမပြေနိုင်တဲ့သူတွေ စုပေါင်းပြီး ကိုခင်ဝမ်းရဲ့ဇာတိမြို့ဖြစ်တဲ့ ပြည်မြို့မှာ သူကွယ်လွန်တဲ့ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဧရာဝတီမြစ်ကမ်းဘေးက လှိုင်းဧရာ စားသောက်ဆိုင်မှာ သူရဲ့သီချင်းတွေကို The Wheel Band နဲ့ Unplugged Show ပြုလုပ်ပြီး မနေ့ညက အလွမ်းဖြေခဲ့ကြတာပါ။

ကိုခင်ဝမ်းကိုချစ်တဲ့ ပြည်မြို့က ပရိတ်သတ်တွေနဲ့ The Wheel Band ရဲ့တီးခတ်မှုတွေက တသားတည်းကျနေပြီး၊ စင်ပေါ်ကနေ သီဆိုသူထက် စင်အောက်ကနေသီဆိုတဲ့ ပရိတ်သတ်ရဲ့ အသံက ပိုပြီးကျယ်လောင်လို့နေပါတယ်။




ဒီပွဲကို ရောက်လာတဲ့ ပန်းချီဆရာ ထိန်လင်းက “၂၀၀၀ ပြည့်နှစ်က ကျနော်က မန္တလေး အကျဉ်း ထောင်မှာ၊ ကိုခင်ဝမ်းဆုံးတာ ၃ ရက်နေ့၊ ကျနော်တို့ဆီကို စာရွက်အပိုင်းလေးတခု ရောက်လာတယ်။ ကိုခင်ဝမ်း ဆုံးပြီဆိုပြီး၊ ချက်ခြင်းဆိုသလိုပဲ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဆီကို ဒီသတင်းပြန့်သွားတယ်။

ကျနော်ချက်ခြင်းပဲ ထောင်ဝတ်စုံ လုံချည်ကို ဖြဲပြီး ကိုခင်ဝမ်းရဲ့ ပုံတူပန်းချီးကား ဆွဲခဲ့တယ်။ အဲဒီနေ့က ဖေဖေါ်ဝါရီလ ၂၃ရက်နေ့၊ ကျနော်တို့ဆီကို ရက် ၂၀ လောက်ကြာမှ ဒီသတင်းရောက်လာတယ်” လို့ သူကပြောပါတယ်။





“ကျနော်တို့က သူ့ကို ၀ိဇ္ဇာကြီးလို့ခေါ်တယ်။ ဘာလို့လဲဆိုတော့ သူက အစစအရာရာ ရှေ့ကကြိုရောက်နေလို့ပါ။ စိတ်မကောင်းဖြစ်ရတာ လေးစားဖို့ကောင်းတဲ့ အနုပညာရှင်တဦးကို ဆုံးရှုံးရတာလည်းပါသလို၊ သူရဲ့ဈာပနကို ကိုယ်တိုင်ကိုယ်ကျ လိုက်မပို့လိုက်ရလို့ပါ။ သူ့သီချင်းတွေကို သူ့ဇာတိမြို့လေးမှာ လာဆိုခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ”ဟု ကိုထိန်လင်းကဆိုပါတယ်။

The Wheel Band က ဂီတာ တီးခတ်သူ ကိုရာဝဏ္ဏကလည်း ကဗျာ၊ ပန်းချီနဲ့ ဂီတပညာရပ်တွေမှာ ထူးချွန်တဲ့ ကိုခင်ဝမ်းနဲ့ပတ်သက်ရင် ပြောစရာတွေအများကြီးရှိပြီး အနုပညာလမ်းကြောင်းပေါ် ရောက်လာအောင် တိုက်တွန်းပေးခဲ့တဲ့သူဖြစ်တယ်လို့ အခုလိုပြောပါတယ်။



“သူမကွယ်လွန်ခင် အဓိပတိလမ်းသွယ်ထဲက အဆောင်မှာ သူနဲ့အတူသုံးရက်တိတိဘယ်မှမသွားပဲ စကားပြောဖူးတယ်။ ပြောတာတော့ အစုံပဲ သူ့ကြောင့်ပဲ ကျနော်အနုပညာလမ်းကြောင်းပေါ် ရောက်ခဲ့တာပါ။ ရန်ကုန်မှာ သူ့ရဲ့အမှတ်တရပွဲနဲ့ ပြည်မှာလုပ်တဲ့ အမှတ်တရပွဲကွာတာကတော့ သူရဲ့ ဧရာဝတီဆိုတဲ့ သီချင်းကိုဧရာဝတီမြစ်ဘေးမှာ ဆိုရတဲ့ ဖီလင်ချင်းကွာပါတယ်။ သူ့သီချင်းတွေကို သူ့ဇာတိမှာလာဆိုရတာ ပိုကြိုက်ပါတယ်။” ဟု ကိုရာဝဏ္ဏက ပြောပါတယ်။

ကာတွန်းဆရာ ကိုတာတီး(ပြည်)ကတော့“ သူအိမ်က ကျနော်အိမ်ရဲ့ တအိမ်ကျော်မှာလေ။ သူနဲ့ပတ်သက်ရင် ပြောစရာတွေတော့အများကြီးပါ။ ပန်းချီပိုင်းမှာ စိတ္တဇပန်းချီဆိုပြီး စာအုပ်ထုတ်တာ မြန်မာပြည်မှာသူက ပထမဆုံးပဲ။ နောက်ပြီးသူရဲ့ သီချင်းခွေတွေမှာ အမျိုးသမီး ဟာမိုနီအဖွဲ့ကို ပထမဆုံး စသုံးတာပါ။ သူနဲ့ပတ်သက်ရင် လူသိနည်းတဲ့ အချက်တခုရှိပါတယ်။ သူနေခဲ့တဲ့အိမ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆရာကြီး ဦးသုခနေခဲ့တဲ့အိမ်ပါ။ အဲဒါကို သူအဖေ ဦးအောင်ခက ဆရာကြီးဆီကပြန်ဝယ်လိုက်တာ။ ပြောချင်တာကအဲဒီအိမ်လေးက နိုင်ငံကျော်အနုပညာရှင် ၂ ယောက် နေထိုင်ခဲ့ဖူးတဲ့ အိမ်ကလေးပေါ့ဗျာ။ အခုတော့ ဆေးခန်းဖြစ်သွားပြီ။” လို့ ဆိုပါတယ်။




ဒီပွဲကို စီစဉ်ခဲ့တဲ့ ကိုထင်လင်းသူကတော့ နောင်လာမယ့် နှစ်တွေမှာလဲ ဒီ့ထက် ကောင်းမွန်မယ့် အစီအစဉ်တွေနဲ့အတူ ကိုခင်ဝမ်းကိုအလွမ်းဖြေကြအုံးမယ်လို့ ဧရာဝတီကို ကိုခင်ဝမ်း အမှတ်တရပွဲနဲ့ ပတ်သက်ပြီး ပြောဆိုပါတယ်။


ကောင်းမြတ်မင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template