Headlines News :
Home » » PTTEP ထိုင်းကုမ္ပဏီကို ဇောတိက မြန်မာလုပ်သားများ အဖွဲ့က (၃)ရက်အတွင်း အချက်(၆)ချက်လုပ်ဆောင်ပေးရန် တောင်းဆို

PTTEP ထိုင်းကုမ္ပဏီကို ဇောတိက မြန်မာလုပ်သားများ အဖွဲ့က (၃)ရက်အတွင်း အချက်(၆)ချက်လုပ်ဆောင်ပေးရန် တောင်းဆို

Written By လွင့်မောင်မောင် on Monday, February 2, 2015 | 7:31 PM



မြန်မာနိုင်ငံ၏ ဇောတိက ကမ်းလွန် ရေနံလုပ်ကွက်ရ ထိုင်းနိုင်ငံ ကုမ္ပဏီ တစ်ခုဖြစ်သော ပီတီတီအီးပီ ကုမ္ပဏီကို ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက (၃)ရက်အတွင်း လုပ်ဆောင်ပေးရမည့် အချက်(၆)ချက်ကို ယနေ့ (၂.၂.၂၀၁၅)ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ယင်းအချက်များမှာ ကုမ္ပဏီအနေဖြင့် မြန်မာဝန်ထမ်းများအပေါ်ခွဲခြားဆက်ဆံမှုများကို အမြန်ဆုံးရပ်တန့်ပေးရန်။မြန်မာလုပ်သားများကို သက်ဆိုင်ရာ ရာထူးတူ နိုင်ငံခြားသားဝန်ထမ်းများနှင့်အတူ လုပ်ခ လစာ၊ ခံစားခွင့်၊ အားလပ်ရက်များ ပေးရန်၊ မြန်မာ့ပင်လယ်ပြင်သယံဇာတများကိုလေးစားလိုက်နာပြီးလက်ရှိလုပ်ကိုင်နေသော သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမည့် လုပ်ရပ်များကိုရပ်တန့်၍ နိုင်ငံတကာစံနှုန်းများအတိုင်းလုပ်ကိုင်ရန်၊ ကုမ္ပဏီ၏ လုပ်ရပ်များအပေါ်ဝေဖန်သည့် ၀န်ထမ်းများအပေါ် လစာတိုးနှုန်းနှင့် အခြားခံစားခွင့်များ လျှော့ချခြင်းကို ရပ်တန့်ပေးရန်၊ နိုင်ငံတော်အတွင်းကမ်းလွန်ရေနံတူးဖော်ခြင်းဆိုင်ရာ ဥပဒေများမပြဌာန်းနိုင်ခင် ကာလအတွင်း နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ပေးရန်၊ အကြောင်းအမျိုးမျိုးကြောင့် မြန်မာဝန်ထမ်းများ အလုပ်ထွက်ပါက ၄င်းနေရာတွင် မြန်မာဝန်ထမ်းများဖြင့်သာ အစားထိုးခန့်ပေးရန်၊ နိုင်င်ငံတော် အစိုးရ၏ လမ်းညွန်မှုနှင့် အညီ ဖွဲ့စည်းထားသော ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားများအဖွဲ့အစည်းကို ကုမ္ပဏီမှ အသိအမှတ်ပြုပေးရန်နှင့် ထိုအဖွဲ့ကို တရားဝင်အဖွဲ့အစည်းမဟုတ်ဟု စွပ်စွဲ၍ အဖွဲ့ဝင်တချို့အားဖိနှိပ်ထားခြင်းကို ပြန်လည်ဖြေရှင်းပေးရန်တို့ ဖြစ်သည်။

ပီတီတီအီးပီကုမ္ပဏီသည်မြန်မာကမ်းလွန်ရေနံလုပ်ကွက်တွင် ၂၀၁၃ခုနှစ်က စတင်ကာဓာတ်ငွေ့တူးဖော်ခြင်းကို လုပ်ဆောင်ခဲ့ကြောင်း၊ စတင်လုပ်ဆောင်သည့် အချိန်မှ စတင်၍ ယခုအချိန်ထိ ဓာတ်ငွေ့တူးဖော်ရာမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများအားမြန်မာ့ ပင်လယ်ပြင်အတွင်း စည်းကမ်းမဲ့စွန့်ပစ်ခဲ့ကြောင်း၊
စနစ်တကျ တွင်းတူးမြှပ်နှံရမည့် ဆီများကိုလည်း တိုက်ရိုက်မီးရှို့မှုများ နေ့စဉ်ပြုလုပ်ခဲ့ကြောင်း၊ ယင်း ပြုလုပ်မှုများကို မပြုလုပ်ရန် မြန်မာလုပ်သားများမှ ကန့်ကွက်ခဲ့သော်လည်း ကုမ္ပဏီဘက်မှရပ်တန့်ခြင်းမရှိပဲ မြန်မာနိုင်ငံတွင် အထက်ပါ စွန့်ပစ် ပစ္စည်းများအတွက် လိုက်နာရမည့် ဥပဒေများမရှိခြင်းကြောင့် လုပ်သည်ဟု ကုမ္ပဏီဘက်က ပြောဆိုကြောင်း သိရသည်။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template