Headlines News :
Home » » ဘားအံတွင် ဗိုလ်ကြီး တစ်ဦးအပါအ၀င် မူးယစ်ဆေးပြား ကိုးထောင်ကျော် ဖမ်းဆီးရမိ

ဘားအံတွင် ဗိုလ်ကြီး တစ်ဦးအပါအ၀င် မူးယစ်ဆေးပြား ကိုးထောင်ကျော် ဖမ်းဆီးရမိ

Written By လွင့်မောင်မောင် on Tuesday, February 3, 2015 | 3:32 PM


Dawei Watch | ဘားအံ၊ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်းတွင် အမှတ် (၂၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးတဦးလည်း အပါအ၀င် မူးယစ်ဆေးဝါး ၉၂၂၉ ပြား ဖမ်းဆီးရမိခဲ့ပြီး ၄င်းတွင် ခရရ(ဘအ) အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့ဝင်များ၊ မှုခင်း အကူဌာနစုတပ်ဖွဲ့ဝင်များ နှင့် အခြား သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဘားအံမြို့ အမှတ် (၈) ရပ်ကွက် ဘားအံ-ထုံးအိုင်လမ်းရှိ ရွှေဖားအံတည်းခိုခန်း အခန်းအမှတ် B-2 အား ဝင်ရောက်ရှာဖွေရာ ယင်းအခန်းတွင် တည်းခိုနေသည့် ကိုချမ်းမြေ့နှင့် မယဉ်ယဉ်မွန်တို့နှင့်အတူ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၅၅ ပြား တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့်ဆေးပြားနှင့် ပတ်သက်ပြီး ကိုချမ်းမြေ့အား စစ်ဆေးမေးမြန်းရာ ယင်းဆေးပြားသည် လွန်ခဲ့သည့် တစ်လခန့်က ဘားအံတွင် နေထိုင်သည့် ဗိုလ်ကြီး သက်ထူးလွင် (ခ) သက်ပိုင်မှ ဆေးပြား ၄၀၀ ဝယ်ယူခဲ့ပြီး သုံးစွဲရောင်းချရာမှ ကျန်ရှိသော ဆေးပြားများဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းပြင် ချမ်းမြေ့၏ ထွက်ဆိုချက်အရ ရွှေဖားအံတည်းခိုခန်း အခန်းအမှတ် B-14 တွင် ဗိုလ်ကြီး သက်ထူးလွင်(ခ) သက်ပိုင်ရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ဝင်ရောက်ရှာဖွေရာ ဗိုလ်ကြီး သက်ထူးလွင် (ခ) သက်ပိုင်နှင့်အတူ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၁၈ ပြားတို့ကို သိမ်းဆည်းရမိသည်ဟု ယင်းမှတ်တမ်းတွင်ပါရှိသည်။

ယင်းနောက် ဖမ်းမိသူများထံမှ တဆင့် အိန္ဒုကျေးရွာအုပ်စု အင်းလေး(၂) လမ်းရှိ နေအိမ်တစ်ခုတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၇၅၇၇ ပြားတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ သည်။

စိတ်ကြွရူးသွပ် ဆေးပြားများ တရားမဝင် သုံးစွဲ/လက်ဝယ်ထား/ရောင်းချသူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မတို့ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 
Dawei Watch 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template