Headlines News :
Home » , » ရခိုင်ပြည်နယ်က နယ်စပ်ဒေသတွေမှာ ဒုက္ခသည် အခြေအနေတွေ စိုးရိမ်နေရဆဲ

ရခိုင်ပြည်နယ်က နယ်စပ်ဒေသတွေမှာ ဒုက္ခသည် အခြေအနေတွေ စိုးရိမ်နေရဆဲ

Written By လွင့်မောင်မောင် on Monday, June 25, 2012 | 10:17 PM

2012-06-24
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် နယ်စပ်မြို့တွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာ ရှိနေဆဲပဲလို့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ ဖြစ်ပါသည်။
မောင်းတောမြို့မှာ နှစ်ရက်ကြာ သွားရောက်ခဲ့တဲ့ မနီလာသိန်းက  အခြေအနေတွေကို အခုလို ပြောပြပါတယ်။


"နှစ်ပေါင်းများစွာ နယ်စပ်ဒေသမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ နယ်စပ်မှာ လုံခြုံမှု မရှိဘူး။ အကာအကွယ်ပေးမယ့်သူ မရှိဘူး။ အဲဒီရဲ့ရလဒ်တွေဟာ ကနေ့ လုပ်ပြီး ကနေ့ ဖြစ်လာတဲ့ အကြောင်းအရာတွေ မဟုတ်ဘဲနဲ့ နှစ်ပေါင်းများစွာကနေပြီးတော့ အဲဒီနယ်စပ်မှာ ပျက်နေတဲ့ အနေအထားတွေ၊ အဲဒီ အကျိုးဆက်တွေ အားလုံးကို ရခိုင်ပြည်သူတွေက ကနေ့ ကြုံတွေ့လိုက်ရတယ်။"

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိနိုင်ဖို့အတွက် စစ်တွေမြို့ အပါအ၀င် ဘူးသီးတောင်၊ မောင်းတော မြို့တွေမှာ ရက်ပေါင်း အတော်ကြာ လေ့လာမှာ ဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ အလှူခံ စခန်းကနေ ပို့လိုက်တဲ့ ပစ္စည်းတွေဟာ စစ်တွေမြို့ကို ရောက်ရှိနေပြီလို့ မမီးမီးက ပြောပါတယ်။

အလားတူပဲ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ အဖွဲ့လည်း ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမြို့တွေက ဒုက္ခသည်တွေကို သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမီးမီးကို RFA က မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template